နွားထိုးကြီး ၂၄ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ လွှတ်တော်ကိုယ်စားလှယ်၊ ဌာနဆိုင်များ၊ မြို့မိမြို့ဖများနှင့်ပှုးပေါင်းကျင်းပသော ဒုတိယအကြိမ် ကလေးစာပေပွဲတော်ကို ဒုတိယနေ့အဖြစ် အကပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း၊ အောင်သူရိန်ခန်းမတွင် နိုဝင်ဘာ(၂၄)၊ နံနက်(၈)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် သဘင်အစည်းအရုံးမှ အကဖြင့်ဖျော်ဖြေပြီး အလွတ်တန်းအဆင့် ကဗျာလွတ် အကပြိုင်ပွဲကို ကျောင်းသူများက အဖွဲ့(၁၁)ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ၄င်းနောက် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
မွန်းလွဲ ၁ နာရီအချိန်တွင် လှိုင်းမြန်မာသံစဉ်တီးဝိုင်းဖြင့်ဖျော်ဖြေပြီး အဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ တို့ကို UNITY ကိုယ်ပိုင်အထက်တန်းကျောင်းဆရာကြီးက ဆုများချီးမြှင့်ခဲ့သည်။ အထက နွားထိုးကြီးမှ ကျောင်းသား၊ကျောင်းသူများက ရှမ်းရိုးရာသီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေခဲ့ပြီး ကဗျာရွတ်ပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊တတိယတို့ကို သန်းသစ္စာရွှေဆိုင်မှ ကိုတေဇအေးဆွေက ဆုများချီးမြှင့်ခဲ့သည်။
အိမ်တွင်းမှုလုပ်(အသုတ်)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယတို့ကို လမ်းဦးစီးဌာန ဒေါ်သိမ့်သိမ့်ထွန်းက ဆုများချီးမြှမှင့်ခဲ့ပြီး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရသူများကို ဆည်မြောင်းဦးစီးဌာနမှ ဆုများချီးမြှင့်ခဲ့သည်။
လက်ဝဲနှင့်မြင်းနီ(အထက)မှ မုံရွှေရည်သီချင်းဖြင့် တစ်ပင်တိုင်အကဖြင့်ဖျော်ဖြေခဲ့ပြီးပုံပြော ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊တတိယဆုရသူများကို ဦးတင့်လွင်ရွှေဆိုင်မှ ဆုများချီးမြှင့်ခဲ့သည်။ အထက၊ နွားထိုးကြီးမှ ကျောင်းသားကျောင်းသူများက စာဖက်ပါသီချင်းသီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်


