လွိုင်ကော် ၅ အောက်တိုဘာ
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို အောက်တိုဘာလ (၅)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၁၄)ဦး၊ တပ်မတော်သားပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၄)ဦး၊ ဗမာတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း(၁၉)ဦးတက်ရောက်ခဲ့ပြီး အစည်းအဝေးသို့ တက်ရောက် ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရေစုစုပေါင်း(၉၅%) တက်ရောက်ကြသောကြောင့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)တွင် အစည်းအဝေးမတက်ရောက်နိုင်၍ ခွင့်ပန်ကြားသော တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (၁)ဦးဖြစ်ပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက အတည်ပြုမှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်၏ “လွိုင်ကော်မြို့၊ ထေးငှားလျားကန်ရှိ ကန်ဘောင် မြေသားလမ်းအား ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ “လိုင်စင်မဲ့ယစ်မျိုးဆိုင်၏ ယစ်မျိုး ရောင်းချသူ များကို မည်ကဲ့သိုအရေးယူဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေမှ ပြန်လည်ရှင်းလင်း ဖြေကြားခြင်း၊ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ “နတလရုံးအတွက် ပြည်ထောင်စုမှ ခွဲဝေချထားသော Skat Dumper, Backhoe, Dozer နှင့် လမ်းကြိတ်စက်များအား မည်ကဲ့သို့ အသုံးပြုထားသည်ကို သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ “ဘာဒိုကျေးရွာအတွင်းရှိ လမ်းများအား ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း ဒီးမော့ဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းအောင် ၏ “ဒီမော့ဆိုမြို့နယ်၊ လိုဘာခိုကျေးရွာအုပ်စုအတွင်းရှိ ဆီးဘူးပလော့ ကျေးရွာနှင့် ယပ်ခူကျေးရွာ တို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်းအား အဆင့်မြှင့်တင်ရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်၏ “ကေးလျားကျေးရွာအုပ်စု၊ ဒေါတကလဲကျေးရွာတွင် စံကိုက်ကျေးလက်ကျန်းမာရေးဌာန ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ / မရှိ သိရှိလို ကြောင်း” နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေးမှ ပြန်လည်ရှင်းလင်းခြင်း၊ “ပြည်ထောင်စုမှခွဲဝေရရှိသော နှစ်စဉ်ဘတ်ဂျက်မည်မျှရရှိပြီး ကဏ္ဍ အလိုက် မည်မျှ ခွဲဝေသုံးစွဲကြောင်း သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော်မှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဖရူဆိုမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်း ၏ “ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ဟိုယာကျေးရွာအုပ်စုနှင့် ရောဒေါ်ခေါကျေးရွာအုပ်စု၊ အုပ်စုချင်းဆက်လမ်းအား ဆက်လက်ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုခြင်း”နှင့် စပ်လျဉ်း သည့် မေးခွန်းအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ “ရင်းနှီးမြှုပ်နှံမှုဖိုရမ်အတွက် သုံးစွဲငွေကိစ္စနှင့် ပတ်သက်၍ သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော်မှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ်၏ “ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ဘောလခဲမြို့အတွင်း ရှမ်းပိုင်းရပ်ကွမိုင်တိုင်(၁၃၄/ဝ မိုင်)လမ်းဆုံတွင် မီးပွိုင့်ထားရှိဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေမှ ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ “ရတနာသီရိဘုန်းတော်ကြီးကျောင်းမှ မြကလပ်၊ ရွှေလက်ဝါး ဘုန်းတော်ကြီးကျောင်းသို့ ဆက်သွယ်ထားသောလမ်းများအား အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုကြောင်း” နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးမှ ပြန်လည် ရှင်းလင်းဖြေကြားခြင်း၊ “တရားမဝင် သတ္တုသယ်ဆောင်ခြင်းအား အစိုးရမှ မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဦးတီရယ်မှ ပြန်လည်ရှင်းလင်းဖြေကြား၍လည်းကောင်း၊ ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထွန်း (ခ)နော်အီး၏ “နှစ်စဉ် ကယားပြည်နယ်နေ့ ကျင်းပသည့်မြေနေရာအား ကယားပြည်နယ်နေ့ ကျင်းပရေးအတွက် အများပြည်သူပိုင်မြေအဖြစ်ထားရှိရေး တိုက်တွန်းကြောင်း” အဆိုအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၃)ဦးမှ အကြံပြုဆွေးနွေးခြင်းနှင့် ယင်းအဆိုနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ကယားပြည်နယ်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းဥပဒေ(မူကြမ်း)နှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတို့အား ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ စိစစ်ချက်အစီရင်ခံစာပါအတိုင်း ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူဆောင်ရွက်ပြီး တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့ ပြင်ဆင်ဖွဲ့စည်းခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
စိုင်းဉာဏ်လင်းထွဋ်