နေပြည်တော် ၂၅ အောက်တိုဘာ

လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၄/၂၀၁၉)ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 

KHSECGG

AHDY

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ (၁၄)ကြိမ်မြောက် ပုံမှန်အစည်း အဝေးများကို နိုဝင်ဘာ ၄ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်းလွှတ်တော် အစည်းအဝေးများတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈ခုနှစ်) ပြင်ဆင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး လွှတ်တော်အသီး သီးတွင် ဆောင်ရွက်နေဆဲဖြစ်သည့် ဥပဒေကြမ်းများနှင့် အခြားသော လွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆွေးနွေးအတည်ပြုနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအသီးသီးအနေဖြင့် လုပ်ငန်းတာဝန်များကို စနစ်တကျကြို တင်ပြင်ဆင် ဆောင်ရွက်ခြင်းနှင့် အစည်းအဝေးကာလ တစ်လျှောက် လုံးတွင် အနီးကပ်ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းတို့ကြောင့် ယခင်လွှတ်တော်အစည်းအဝေးများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ လာမည့်(၁၄)ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စဉ်ဆက်မပြတ် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်းပြောကြားသည်။

 

FSDJK

 

ဆက်လက်၍ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ဒုတိယ အကြိမ် လွှတ်တော်အသီးသီး၏ (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ကလုပ်ငန်းကော်မတီများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)

 

HJH78