မကွေး    ၂၈ စက်တင်ဘာ     

 

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာ မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်။

 

လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် (၁၀)ဦးက မေးမြန်းခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီး(၅)ဦးက ပြန်လည် ဖြေကြား ခဲ့သည်။ ဆက်လက်ပြီး မကွေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်ခင်ချိုလတ်က မကွေးတိုင်းဒေသကြီး အတွင်း လယ်ယာလုပ်ကိုင်စားသောက်နေသော တောင်သူများ အခွင့်အရေးမဆုံးရှုံးစေရန် ရည်ရွယ်၍ လယ်ယာမြေလုပ်ကိုင် ခွင့်ပြုလက်မှတ်ပုံစံ(၇)အား ကျေးရွာ သို့မဟုတ် အုပ်စု တစ်ခုချင်းအလိုက် (Pilot Project) အစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်း ကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းခဲ့ရာ ပွင့်ဖြူမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းက ထောက်ခံဆွေးနွေးခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူခဲ့သည့်အတွက် အဆိုနှင့် စပ်လျဉ်း၍ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၃)ရက်၊ ဗုဒ္ဓဟူးနေ့(အဋ္ဌမနေ့) အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အောက်တိုဘာလ(၂)ရက် နေ့ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ သည်။

 

ထို့နောက် မကွေးတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင် ဘာလအထိ တစ်နှစ်တာ ဒေသန္တရစီမံကိန်းဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်း ခဲ့ရာ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အောက်တိုဘာလ (၁၁)ရက်၊ ကြာသပတေးနေ့ (၁၂-ရက်မြောက်နေ့) အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့်အကြောင်းအရာကို အသေးစိတ် ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁၀)ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ဆက်လက်၍ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်း (မူလခန့်မှန်းခြေ ငွေစာရင်း)များနှင့် ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်၊သောကြာနေ့ အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သဖြင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အကြောင်းအရာကို အသေးစိတ်ဖော်ပြ၍ လက်မှတ်ရေးထိုးကာ ၂၀၁၈ခုနှစ် အောက်တို ဘာလ(၁၂) ရက်နေ့ ရုံးချိန်အတွင်း လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင် ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၁၁း၃၀ နာရီ အချိန်တွင် ရပ်နားခဲ့ပြီး ဆဋ္ဌမနေ့ အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ (တနင်္လာနေ့)နံနက်၁၀ နာရီအချိန်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)