မော်လမြိုင် ၂၁ မေ
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ယနေ့ နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၅)ဦးက ကြယ်ပွင့်ပြ မေးခွန်း(၅)ကို မေးမြန်းရာ သက်ဆိုင်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ဖြေကြားသည်။
ထို့နောက် မွန်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ လျာထား ချက်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်မှ တင်ပြရာ လျာထားချက်နှင့် စပ်လျဉ်း၍ဆွေးနွေး လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ပြည်နယ်လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ထံတွင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ရပ်နားခဲ့ကြောင်းသိရသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကိုဗစ်- ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လွှတ်တော်အစည်းအဝေသို့ တက်ရောက်ကြသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်သို့လာရောက်လေ့လာသူများ၊ သတင်းမီဒီယာ သမားများအား လက်ဆေးဆပ်ပြာရည်များဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


