မန္တလေး ၁၇ ဇွန်
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၁၈) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့)ကို အစီအစဉ် (၆)ရပ်ဖြင့် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း (၁၁)ခုတို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခဲ့ကြကာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြား ခဲ့ကြကြောင်း သိရသည်။
#MRTV