နေပြည်တော်  ၆  ဇွန် 

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဦးမြစိန်၏ ပြည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်းပြီးသော နှစ်အလိုက် ဥပဒေများအား အများပြည်သူလေ့လာနိုင်ရန် လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က  မိမိအနေဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် သက် ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့နှင့် ပေါင်းစပ်၍ ပြန်ကြားရေးဝန်ကြီး ဌာန ကိုယ်စား ရှင်းလင်းဖြေကြားသွားမည်ဖြစ်ကြောင်း။

 

ပထမဦးစွာ အတည်ပြုပြဋ္ဌာန်းလိုက်သော နည်းဥပဒေများကို အများပြည်သူ ပွင့်လင်းမြင်သာစွာ  လိုက်နာစောင့်ကြည့်နိုင်ရန်အတွက် နိုင်ငံတော်မှထုတ်သော နှစ် အလိုက်ပြဋ္ဌာန်းဥပဒေစာအုပ်များတွင် နည်းဥပဒေပြဋ္ဌာန်းချက်များကိုလည်း ယခင်ခေတ် များအတိုင်း ထည့်သွင်းဖော်ပြပေးရန် အစီအစဉ်ရှိ၊ မရှိ  ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ် (၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး၏ ကြယ်ပွင့်ပြမေးခွန်း ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက် တွင် ကျင်းပသည့် ၁၂ ရက်နေ့မြောက် အမျိုးသားလွှတ်တော် စတုတ္ထအကြိမ် ပုံမှန်အ စည်းအဝေးတွင် ဖြေကြားခဲ့ပါကြောင်း၊ အလားတူ နိုင်ငံတော်ရှိ ရေးဆွဲပြဋ္ဌာန်းထုတ်ပြန် ခဲ့သည့်ဥပဒေ၊ နည်းဥပဒေများကို ပြည်သူလူထုများ လွယ်လင့်တကူ လေ့လာဖတ်ရှု နိုင်ရေးအတွက် အခမဲ့ဖြန့်ဝေပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းကို ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၄) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစောစိန်ထွန်းက မေးမြန်းသည့်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် ကျင်းပ သည့် ဒုတိယ အကြိမ်အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင်လည်း ရှင်းလင်းတင်ပြခဲ့ပါ ကြောင်း။

 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး၏ မေးခွန်းကို ထိုစဉ်က ဖြေကြား ခဲ့ရာတွင် အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေ၊ နည်းဥပဒေများကို ဥပဒေရေးဆွဲသည့် သက်ဆိုင်ရာ နိုင်ငံတော်အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများက ယင်းတို့၏ အစီအစဉ် ဖြင့် ပုံနှိပ်ထုတ်ဝေဖြန့်ချိလျက် ရှိပါကြောင်း၊ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန အနေ ဖြင့်လည်း အဆိုပါ အတည်ပြုပြဋ္ဌာန်းထုတ်ပြန်ပြီးသည့် ဥပဒေ၊ နည်းဥပဒေ များကို မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြဖြန့်ချိပေးလျက် ရှိပါကြောင်း၊ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနကို ပုံနှိပ်ပေးရန် အလုပ်အပ်နှံလာပါက အဖိုးနှုန်းချိုသာစွာ နှင့် ပုံနှိပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထုတ်ဝေသည့်ဥပဒေ၊ နည်း ဥပဒေများကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များရှိသည့်(ရန်ကုန်၊ မန္တလေး၊ နေပြည် တော်)တို့တွင်လည်း အများပြည်သူအလွယ်တကူ ဝယ်ယူဖတ်ရှုနိုင်ရန် ရောင်းချပေး လျက်ရှိပါကြောင်းကို ဖြေကြားခဲ့ပါကြောင်း။

 

ကိုယ်စားလှယ် မေးမြန်းစဉ်က ၂၀၁၆ ခုနှစ်က ထုတ်ဝေခဲ့သည့် သတင်းစာကို ကိုးကား၍ ပြောခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နောက်ဆုံး၂၀၁၉ ခုနှစ်ထဲမှ ဥပဒေများ ကိုးကားချက်ထဲတွင် မပါခဲ့ပါကြောင်း၊ စာပေဗိမာန်နှင့် ပြင်ပစာအုပ်ဆိုင်များက ပို၍ ပြည့်စုံကြောင်းကို ပြောဆိုခဲ့သည်များ ရှိပါကြောင်း၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် များသည် စာအုပ်အမျိုးမျိုးရောင်းဝယ်သည့် ဆိုင်များဖြစ်ပါကြောင်း၊ သို့သော် ဥပဒေစာ အုပ်၊ စာတမ်းများကိုလည်း ပြည့်စုံစွာခင်းကျင်းပြီး ရောင်းချသည်များလည်းရှိပါကြောင်း၊ အချို့စာအုပ်ဆိုင်များသည် ဥပဒေနှင့်ပတ်သက်သည့် စာအုပ်၊ စာတမ်းများကို အထူးပြု ပြီး ရောင်းဝယ်သည့် စာအုပ်ဆိုင်များရှိပါကြောင်း၊ ထိုသူများကလည်း ဆက်စပ်၍ ဥပဒေ ဆိုင်ရာစာအုပ်၊ စာတမ်းများထုတ်ဝေဖြန့်ချိလျက်ရှိပါကြောင်း၊ ထိုအနက်မှ နိုင်ငံတော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေများကို ထုတ်ဝေလျက် ရှိသကဲ့သို့ ထိုဥပဒေများနှင့် ပတ်သက်ပြီး ရှင်းလင်းဖွင့်ဆိုချက်များကို စာအုပ်ဖြင့် ရေးသားအကြံပြု၍ ဖြန့်ချိနေမှုများ လည်းရှိပါကြောင်း၊ ထို့ကြောင့် ထိုစာအုပ်ဆိုင်များတွင် ဥပဒေနှင့်ပတ်သက်သည့်စာအုပ်၊ စာတမ်းများသည် စာပေဗိမာန်စာအုပ်ဆိုင်ထက် ပို၍ပြည့်စုံသည့်အကြောင်း  ကြားသိရ သည့်အတွက် အစီရင်ခံခြင်းဖြစ်ပါကြောင်း။  

 

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောစိန်ထွန်း၏ မေးခွန်းကို ပြန်လည် ဖြေကြားခဲ့စဉ်က  လက်ရှိပြန်ကြားရေးဝန်ကြီး ဌာန၏ ဘဏ္ဍာငွေခွင့်ပြုမှုအနေအထားနှင့် လုပ်ငန်းများဆောင်ရွက်ရသည့်ပမာဏ၊ မြန်မာနိုင်ငံတွင်  ရှိသည့်လူဦးရေနှင့် ဖြန့်ချိရ မည့် ပမာဏတို့အရ အခမဲ့ဖြန့်ဝေရန်အတွက် ဘဏ္ဍာငွေလိုအပ်ချက်များစွာရှိပြီး  လက်ရှိအခြေအနေတွင် ဆောင်ရွက်နိုင်သည့် အနေအထားမရှိပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာငွေသီးခြားတောင်းခံပြီး ပြည်ထောင်စုလွှတ်တော်က  ခွင့်ပြုမှသာ ဆောင်ရွက် ပေးနိုင်မည့် အခြေအနေဖြစ်သည့် အကြောင်းကို တင်ပြခဲ့ပါကြောင်း၊ လောလောဆယ် တွင် ပုံနှိပ်စာအုပ်စာတမ်းအနေဖြင့် အခမဲ့ မဖြန့်ဝေနိုင်သော်လည်း ပြန်ကြားရေး ဝန်ကြီးဌာန Webportal လိပ်စာဖြစ်သည့်( www.moi.gov.mm) တွင် ကြည့်မည်ဆို ပါက အချိန်မရွေးဥပဒေများကို  ပြည့်စုံစွာ၊ လွယ်ကူစွာ ကြည့်ရှုနိုင် စေရန် အတွက် တင်ပေးထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း ကိုလည်း ဖြေကြားခဲ့ပါကြောင်း၊ ထို့ပြင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က မြန်မာနိုင်ငံအဝန်းတွင် ဖွင့်လှစ်ထား သည့် စာကြည့်တိုက် (၄၁၇)တိုက်ရှိပါကြောင်း၊ ထိုစာကြည့်တိုက်များတွင်လည်း အဆိုပါ ဥပဒေ၊ နည်းဥပဒေများကို တတ်နိုင်သ လောက် ပြည့်စုံအောင် တစ်စုတစ်စည်း တည်းဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါ ကြောင်း၊ ပြင်ပပုဂ္ဂလိက စာကြည့်တိုက်များကို လည်း ဥပဒေ၊ နည်းဥပဒေစာအုပ်များ  စုစည်းရန်အတွက် အားပေး တိုက်တွန်းပါ ကြောင်း၊ တတ်နိုင်သမျှ  မျှတနိုင်သည့် ဘဏ္ဍာငွေအပေါ်မူတည်၍ ပေးပို့ရန် စီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကို ဖြေကြားခဲ့ပါကြောင်း။

 

ယခု လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားရမည်ဆိုပါက  ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းပြီးသော နှစ်အလိုက်ဥပဒေများကို စာပေဗိမာန် စာအုပ်အရောင်းဆိုင် များရှိသည့် (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) တို့တွင် အခါမ လပ်ရောင်းချ ပေးလျက်ရှိပါကြောင်း၊ ဥပဒေများကို စာအုပ်အဖြစ် စုပေါင်း မထုတ်ဝေမီ နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းလေ့ရှိပါကြောင်း၊ နိုင်ငံတော်ပြန်တမ်း များကိုလည်း အချိန်နှင့်တပြေးညီ စာပေဗိမာန်စာအုပ်ဆိုင် များတွင် ရောင်းချပေး လျက်ရှိပါကြောင်း၊  စာပေဗိမာန်စာအုပ်ဆိုင်များနှင့် ပြည်သူ့လွှတ်တော်ရုံး၊ ပြည်ထောင် စုလွှတ်တော် ရှေ့နေချုပ်ရုံးနှင့် ပြင်ပစာအုပ်တိုက် ၁၁ တိုက်မှ ထုတ်ဝေသည့် ဥပဒေစာအုပ် အမျိုးအစားစုစုပေါင်း ၄၇၀ ကို ရောင်းချပေးလျက်ရှိသည် ကို ကြားသိရပါ ကြောင်း။

 

ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန Webportal (www.moi.gov.mm) တွင် ပြည် သူများ အချိန်မရွေး အခမဲ့ဖတ်ရှုနိုင်ရန်အတွက် ဥပဒေ၊ နည်းဥပဒေများကို  တင်ထား ပေးပါကြောင်း၊ ထို့ပြင် ဥပဒေ၊ နည်းဥပဒေများကို အတည်မပြုမီ မူကြမ်း အဆင့်တွင် လည်း သတင်းစာများတွင် အများပြည်သူလေ့လာဖတ်ရှု ဝေဖန်သုံးသပ်နိုင်ရန်အတွက် ကြိုတင် တင်ပြပါကြောင်း၊ အတည်ပြုပြဋ္ဌာန်းပြီးသည့် အခါတွင်လည်းပြဋ္ဌာန်းပြီးသည့် ဥပဒေများကို   နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးပါကြောင်း၊ ထို့နောက် စုစည်းပြီး စာအုပ်စာတမ်းများနှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနနှင့်အဖွဲ့ အစည်းများက ထုတ်ဝေသည့်အခါတွင်လည်း မည်သည့်ခုနှစ်အတွက် ဥပဒေများ ထွက်ရှိသည့်အကြောင်း မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် ပညာပေးပါကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများတွင်လည်း ထည့်သွင်း ဖော်ပြပေးလျက်ရှိပါကြောင်း၊  ထို့ပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများက တင်ထားသည့် Website များတွင် လည်း ဥပဒေများနှင့်ပတ်သက်ပြီး ဖော်ပြပေးထားပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ် ရုံးအနေဖြင့်လည်း နှစ်အလိုက်ထုတ်ဝေသည့်ဥပဒေ စာအုပ်များ ထုတ်ဝေမှုများကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏  ဥပဒေဆိုင်ရာ Website ဖြစ်သည့် မြန်မာဥပဒေ သတင်း အချက်အလက်စနစ် Website  ဖြစ်သော www.mlis.gov.mm တွင် တည်ဆဲ ဥပဒေ၊ နည်းဥပဒေများကိုတင်ပေးထားပြီး ဖတ်ရှုရန်အတွက် အလွယ်တကူဖြစ်စေရန် စီစဉ်ပေး ထားပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ဆက်စပ်မေးခွန်းအဖြစ် ဒဂုံမြို့သစ်( ဆိပ်ကမ်း) မဲဆန္ဒနယ်မှ ဦးမြစိန် က  ဥပဒေစာအုပ်သည် ဝယ်ပြီးသည့်နောက်ပိုင်းတစ်သက်လုံး သုံးစွဲသည့် စာအုပ်ဖြစ်ပါ ကြောင်း၊ ပြန်တမ်း၊ သတင်းစာတို့သည် သိမ်းဆည်းရခက်ပါကြောင်း၊ ဥပဒေ စာအုပ် အလိုက် ကိစ္စတစ်ခု၊ ပြဿနာတစ်ခု ပေါ်လာသည့်အခါ ပြန်၍ အသုံးပြု ရန်အတွက် ဆိုလိုခြင်းဖြစ်ပါကြောင်း၊ အခမဲ့ ဟု မဆိုလိုပါကြောင်း၊ သင့်တင့်သည့် နှုန်း ထားဖြင့် ရောင်းချရန်အတွက်  တောင်းဆိုခြင်းဖြစ်သည့်အတွက်  မိမိဆက်စပ်မေးခွန်းအား ဖြေကြားပေးပါရန် ပြောကြားသည်။

 

ဆက်စပ်မေးခွန်းအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေဖြင့် က  အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၏ မေးခွန်းများ ဖြေကြားရာတွင် ဆက်စပ်၍ ပါဝင်ခဲ့ပါကြောင်း၊ အခမဲ့ ဖြန့်ဝေခြင်းသည် မဖြစ်နိုင်ပါ ကြောင်း၊ အဖိုးနှုန်းချိုသာစွာဖြင့် ပုံနှိပ်သည့်  အလုပ်ကို ဆောင်ရွက်ပေး၍ ရပါကြောင်း၊ ဥပဒေများသည် လွှတ်တော်ကိုယ်စားလှယ် များသိရှိပြီးဖြစ်သည့် ကိစ္စဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကမကထပြုလုပ်ပြီး ပြုစုပြဋ္ဌာန်းလိုက် သည့် ဥပဒေများဖြစ်သည့်အတွက် ထိုဥပဒေများကို စာအုပ်စာတမ်းအဖြစ် ဆက်လက် ၍ ထုတ်ဝေဖြန့်ချိသည့် ကိစ္စသည် ကနဦး သက်ဆိုင်သည့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း များ၏ တာဝန်ဖြစ်ပါကြောင်း၊ ထိုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများက လုပ်ငန်းအပ်နှံ၍ စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေပေးရန်  အပ်နှံပါက ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး  ဦးစီးဌာနသည် ထိုအလုပ်များကို ပြင်ပလုပ်ငန်းများထက် ဈေးနှုန်းချိုသာ သက်သာစွာဖြင့် စီစဉ်ဆောင်ရွက်ပေးနိုင်ပါကြောင်း။

 

ဥပမာအားဖြင့် အချို့ဌာန၊ အဖွဲ့အစည်းများတွင် ကိုယ်ပိုင်ပုံနှိပ်စက်များရှိပါ ကြောင်း၊ ပုံနှိပ်ပြီးသည့်အခါတွင်လည်း ပုံနှိပ်ပြီးသည့် စာအုပ် စာတမ်းများကို ဖြန့်ချပေး ရန်အတွက် မိမိတို့ပြန်ကြားရေးဝန်ကြီးဌာန စာပေဗိမာန်ကို အပ်နှံလာ သည်များလည်း ရှိပါကြောင်း၊  ထိုစာအုပ်များကိုလည်း  ရောင်းချပေးနိုင် ပါကြောင်း၊ လောလောဆယ် မိမိသိရှိသည့် အချက်အနေဖြင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက် သည့်  ဥပဒေပေါင်းချုပ် ကို စာအုပ် အဖြစ် ရိုက်နှိပ်ပါကြောင်း၊ အုပ်ရေ ၅၀ဝ ခန့်ဟု သိရပါကြောင်း၊ နည်းပါးသည့် စာအုပ်ကို လည်း စာပေဗိမာန်အရောင်းဆိုင်ကို ပေးပို့၍ အများပြည်သူကို ဖြန့်ဖြူးရောင်းချ လျက်ရှိပါကြောင်း၊ အကယ်၍ ထိုစာအုပ်များ ကုန်သွားခဲ့ပါက ထပ်မံ ရိုက်နှိပ် မည်ဆိုပါကလည်း သက်ဆိုင်သည့်ဌာနနှင့် တွဲဖက်ပြီး ဆောင်ရွက်ပေး၍ ရပါကြောင်း၊ အကယ်၍ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ထိုဥပဒေ များကို စာအုပ်စာတမ်းအဖြစ် ပုံမှန်ထုတ်ဝေသည့်အလုပ်ကို လုပ်ပေးပါဟု တာဝန်ပေး အပ်လာပါ ကလည်း ဆောင်ရွက်၍ ရပါကြောင်း၊  သို့သော်  နောက်နှစ်တွင် ဥပဒေစာ အုပ်အရေအတွက် မည်မျှ ပုံနှိမ်မည်ဆိုသည်ကို ကြိုတင်ပြီး ဘတ်ဂျက် လျာထားဆောင် ရွက် ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရမည်ဆိုပါက ညှိနှိုင်းဆောင်ရွက်၍ ရပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ ဇန်နဝါရီလ(၂၉)ရက်နေ့က ပြည်ထောင်စု လွှတ်တော် တိုက်ရိုက်ထုတ်လွှင့်မှု(၅)မိနစ် ပြတ်တောက်ရခြင်း၏ အဖြစ်မှန်ကို ရှင်းလင်းပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က  ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် ပြည်ထောင်စု လွှတ်တော်ပုံမှန်အစည်းအဝေးကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် နေစဉ်ကာလအတွင်း မွန်းလွဲ ၂ နာရီ မိနစ် ၂၀ မှ ၂၅ မိနစ်အထိ ၅ မိနစ် ခန့် ပြတ် တောက်မှု ဖြစ်ပေါ်ခဲ့ရခြင်းအကြောင်းရင်းကို ဖေဖော်ဝါရီလ  ၁ ရက်ထုတ် မြန်မာ့ အလင်းသတင်းစာတွင် အဆင့်မြင့် ယန္တရားဆက်သွယ်ရေးတပ်(ရေပြာ)နှင့် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား(ရုံးချုပ်)အကြား ဖိုင်ဘာဆက်ကြောင်း၏ ချို့ယွင်းမှုကြောင့်ဖြစ် ကြောင်း ဖြေရှင်းထားမှုနှင့် ဖေဖော်ဝါရီလ ၇ ရက်တွင် တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ရာတွင်မူ အဆိုပါနေ့က တိုက်ရိုက်ထုတ်လွှင့် နေစဉ် ပြတ်တောက်မှု ဖြစ်ပွားရခြင်းသည် ဖိုင်ဘာနက်ဝက်ခ်လိုင်းနှင့် သက်ဆိုင်ခြင်းမရှိ ကြောင်း ဖော်ပြထားမှုအပေါ် အဖြစ်မှန်ကို ရှင်းလင်း ပေးနိုင်ပါရန် မေးမြန်းခြင်းကို ဖြေကြားသွားမည်ဖြစ်ပါကြောင်း။

 

ဇန်နဝါရီလ ၂၉ ရက်က မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက လွှတ်တော်လိုင်း တိုက်ရိုက်ထုတ်လွှင့်နေစဉ် ပြတ်တောက်မှုဖြစ်စဉ်ကို ထိုနေ့က သက်ဆိုင်သူများက တင်ပြလာသည့် ထူးခြားဖြစ်စဉ် အစီရင်ခံစာအရ အဆင့်မြင့်ယန္တရား ဆက်သွယ် ရေးတပ် (ရေပြာ)နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရုံးချုပ်)အကြား ဖိုင်ဘာဆက် ကြောင်း အတွင်း လိုင်းကျဆင်းမှုကြောင့် ဖြစ်ကြောင်း အစီရင်ခံစာအရ သိရပါကြောင်း၊ အဆိုပါ  တင်ပြမှုအပေါ် ပြန်လည်စိစစ်ပြီး တိတိကျကျ လာရောက်ရှင်းလင်းတင်ပြရန်  ပြည်ထောင်စုဝန်ကြီး အနေဖြင့် မှာကြားခဲ့ပြီး ဇန်နဝါရီလ ၃၀ ရက် မွန်းလွဲပိုင်းတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများကို  ခေါ်ယူတင်ပြစေခဲ့ပါကြောင်း၊  ထိုသို့တင်ပြလာရာတွင်လည်း မူလတင်ပြထားသည့် ထူးခြားဖြစ်စဉ်ပါ အစီရင်ခံစာ အတိုင်း တိုက်ရိုက်ထုတ်လွှင့်မှု ပြတ်တောက်ခဲ့ရခြင်း အကြောင်းရင်းကို ဖိုင်ဘာဆက် ကြောင်းကြောင့် ဖြစ်ကြောင်းကိုသာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူ အားလုံးက တင်ပြခဲ့ သဖြင့် ပြည်သူများ သိရှိစေရန်အတွက် ဇန်နဝါရီလ ၃၁ ရက်တွင် ပြန်ကြားရေးဝန်ကြီး ဌာန၏ ဝက်ဆိုက်ဘ်တွင် ဖော်ပြထားပါကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင်လည်း ဖော်ပြခဲ့ပါကြောင်း။

 

သို့သော် ကိုယ်စားလှယ် မေးမြန်းခဲ့သည့်အတိုင်း ထိုဖြစ်စဉ်နှင့်ပတ်သက်၍  တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖေဖော်ဝါရီ ၇ ရက်တွင် သတင်း ထုတ်ပြန် ကြေညာခဲ့သည့်အခါတွင် ထိုနေ့က ပြတ်တောက်မှုဖြစ်စဉ်သည် ဖိုင်ဘာနက်ဝက်ခ် လိုင်းနှင့် ပတ်သက်သက်ဆိုင်မှုမရှိကြောင်း ဖော်ပြပါရှိလာခဲ့ပါကြောင်း၊  ထိုသတင်း ထုတ်ပြန်ချက်ကို သိလျှင်သိချင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို ဖြစ်စဉ် အမှန်ကို စိစစ်တင်ပြရန်ပြောခဲ့ပြီး တစ်ပြိုင်နက်တည်းတွင် မည်သည့် အတွက်ကြောင့် ဖြစ်ရသည်  ဆိုသည့် အကြောင်းရင်းအမှန်ကို ဖော်ထုတ်နိုင်ရန် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ရှေးဦးစုံစမ်းရေးအဖွဲ့ကို ဖွဲ့စည်းဆောင် ရွက်ခဲ့ပါကြောင်း။

 

ရှေးဦးစုံစမ်းရေးအဖွဲ့၏ စုံစမ်းတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထား ဖော်ပြ ချက်များအရ ယခုကဲ့သို့ ရုပ်သံလိုင်း ခေတ္တပြတ်တောက်မှု ဖြစ်ပွားခဲ့ရခြင်းသည် ဖိုင်ဘာ ဆက်ကြောင်းလိုင်း အသုံးပြုနေစဉ် ပြတ်တောက်မှု ဖြစ်ပွားခဲ့သည်မဟုတ်ဘဲ  ဂြိုဟ်တု ဆက်ကြောင်းကို  အသုံးပြုနေစဉ် ဖြစ်ပွားခဲ့သည်ကို သိရှိခဲ့ရပါကြောင်း၊  ထိုဖြစ်စဉ် နှင့် ပတ်သက်၍  မမှန်မကန်တင်ပြခဲ့သည့် တာဝန်ရှိသူများကို လိုအပ်သလို ဆက်လက် အရေးယူနိုင်ရေးအတွက် ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်နိုင်ရေး တင်ပြဆောင်ရွက်ခဲ့ပါကြောင်း။

 

ထို့နောက် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ် ချက်၊ ထောက်ခံတင်ပြချက်များအရ ထိုဖြစ်စဉ်အပေါ် မမှန်မကန်တင်ပြမှုနှင့် ပတ်သက်ပြီး တာဝန်ရှိသူများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ အရေးယူအပြစ်ပေး မှုများ ပြုလုပ်ခဲ့ပါကြောင်း။

 

ထို့ကြောင့် ကိုယ်စားလှယ်၏ မေးခွန်းကို ပြန်လည်အနှစ်ချုပ်ဖြေကြားရမည်ဆို ပါက အဆိုပါနေ့က တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်စဉ် ပြတ်တောက်ရခြင်း၏ အဖြစ်မှန်သည် ဖိုင်ဘာဆက်ကြောင်း လိုင်းကြောင့်  ဖြစ်ပွားခဲ့သည်မဟုတ်ဘဲ ဂြိုဟ်တုဆက်ကြောင်းကို အသုံးပြုနေစဉ် ဖြစ်ပွားခဲ့ကြောင်းနှင့် ထိုဖြစ်စဉ်နှင့်ပတ်သက်၍  တာဝန်ရှိသူများကို ထိုက်သင့်သော အရေးယူအပြစ်ပေးမှုများ ပြုလုပ်ခဲ့ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ဆက်စပ်မေးခွန်းအနေဖြင့် မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်က ဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းဖြေကြားပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ မိမိတင်ပြသကဲ့သို့ ပြည်ထောင်စုဝန်ကြီးက မေ၂၁ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဖိုင်ဘာ ဆက်ကြောင်းကြောင့် မဟုတ်ဘဲ ဂြိုဟ်တုကြောင့် သာဖြစ်သည် ဟုပြောသော်လည်း ယခု ဖိုင်ဘာဆိုသည်ကို ထည့်ရေးထားသည့် အတွက် မိမိအနေ ဖြင့် ဘဝင်မကျ ဖြစ်မိပါကြောင်း၊ မိမိမေးလိုသည်မှာ ဂြိုဟ်တုက တောက်လျှောက် လွှင့်ပြီး ၅ မိနစ်စာပြတ်တောက်သွားပြီးနောက် ဂြိုဟ်တုက အလိုအလျောက် ကောင်း မွန်သွားခြင်းလား ဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်ပါကြောင်း၊  ပြည်သူလူထုသည် စဉ်းစားတွေးခေါ်နိုင်စွမ်းရှိပါကြောင်း၊ ပြည်သူလူထုအနေဖြင့် အရေးကြီးသည့် ကိစ္စများ ကို ပြောနေသည့်အခါတွင် ရည်ရွယ်ချက်ရှိရှိ  ရပ်ပစ်သည်ဆို သည့် အယူအဆရှိနေ ပါကြောင်း၊ သာမန်အားဖြင့် လွှတ်တော်တွင် ဆွေးနွေးသည့် ကိစ္စများကို လွှတ်တော် ဥက္ကဋ္ဌကသော်လည်းကောင်း၊ နာယက က သော်လည်းကောင်း လိုင်းပိတ်ပြီး ရပ်ပစ်၍ ရသော်လည်း ယခုကဲ့သို့ ရပ်ပစ်လိုက်ခြင်းသည် ရွာကျော်ရွက်တိုက်သည်ဟု မြင်ပါ ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုဝန်ကြီး ပြောကြားချက်များတွင် ယခုကိစ္စများ အတွက် တစ်ယောက်ယောက်ကို ညွှန်ကြားထားခြင်းမရှိဟု နားလည်ယုံကြည်ပါ ကြောင်း၊ ဝန်ထမ်းများအဆင့်တွင်သာ တာဝန်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီး တို့အပေါ်တွင် တာဝန် ရှိ၊ မရှိ ကို မေးလိုပါကြောင်း၊ ထိုသို့ မှားယွင်း ခဲ့ခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှုကို အတွင်တွင်ပြောနေကြသည့် ယခုခေတ်အခါတွင်  သတင်း စာမှ တရားဝင် ထုတ်ပြန်ပေးနိုင်ခြင်း ရှိ၊ မရှိ ကို ဆက်စပ်မေးခွန်း မေးမြန်းလိုပါကြောင်း ပြောကြားသည်။

 

ဆက်စပ်မေးခွန်းအပေါ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အထက်ပါ ဖြေကြားခဲ့သည်မှာ အားလုံး ပြည့်စုံသည်ဟု ထင်မိပါ ကြောင်း၊ ဖိုင်ဘာဆက်ကြောင်းသည် အစောပိုင်းကတည်းက ပြတ်နေသောကြောင့် ပြင်ဆင် နေသည်ဟုဆိုပါကြောင်း၊ ပြင်ဆင်နေသည့်အချိန်တွင် လွှတ်တော်မှ တိုက်ရိုက် ထုတ်လွှင့်ရန်အတွက် တပ်ကုန်း အသံလွှင့်ရုံသို့ ပို့ရန်အတွက် ဖိုင်ဘာ ဆက်ကြောင်းကို အသုံးပြုသည်များလည်း ရှိပါကြောင်း၊ ဂြိုဟ်တု နှင့်ပေးပို့သည်လည်း ရှိပါကြောင်း၊ ဖိုင်ဘာဆက်ကြောင်းမသုံးပါက ဂြိုဟ်တု မှတစ်ဆင့် ပေးပို့ရပါကြောင်း၊ ဂြိုဟ်တုနှင့် ပေးပို့သည့်အခါ ဂြိုဟ်တုသုံးစွဲသည့် လမ်းကြောင်း တစ်ခုရှိပါကြောင်း၊ ထိုလမ်းကြောင်း ကို သုံးစွဲသည့်အခါ အကယ်၍ နောက်တစ်နေရာမှ ထပ်၍ပေးပို့ပါက နှစ်ခုထပ်၍ ညိသွားသောကြောင့် ထုတ်လွှင့်သည့်အခါ အနှောင့်အယှက် ဖြစ်သွားသည်များ ရှိပါ ကြောင်း၊ ဂြိုဟ်တုဖြင့် နယ်များမှ သတင်းပေးပို့သည်များလည်း ရှိပါကြောင်း၊ လွှတ်တော်မှ သတင်းကို ဂြိုဟ်တုမှ အသံလွှင့်ရုံသို့ ပေးပို့နေစဉ်နယ်များမှ သတင်းပေးပို့ သူများကလည်း ထိုတစ်လိုင်းတည်းဖြင့် ပေးပို့သောကြောင့် နှစ်ခုတိုက်ဆိုင်၍ ဖြစ်သည် ဟု သိရပါကြောင်း၊ ထိုအခါတွင် လိုင်းကျသွားသည်ကို  သိသည့် တာဝန်ရှိသူက ထိုလိုင်းတစ်လိုင်းကို မပို့ဘဲ အခြားလိုင်းမှ ပို့ရန် အကြောင်းကြားလိုက်သည့်အခါ သတင်းပို့သည့်သူ ရပ်သွားပါကြောင်း၊ ရပ်သွားသည့်အတွက် ၅ မိနစ်အတွင်း ပြန်၍ ထုတ်လွှင့်မှု ပြန်ကောင်းသွားကြောင်းကို လုပ်ငန်းဆောင်ရွက်သည့် အပိုင်းက ရှင်းလင်းတင်ပြပါကြောင်း၊ အောက်ခြေမှ တင်ပြသည်ကို ထိုကဲ့သို့ ဆောင်ရွက်သလား မေးခွန်းနှင့်ပတ်သက်၍  အောက်ခြေဆိုသော်လည်း အနီးကပ် တာဝန်ရှိသည့် ပုဂ္ဂိုလ် များ ဖြစ်ပါကြောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် တာဝန်ရှိသည့် အဆင့်မြင့် တာဝန်ရှိသည့် ပုဂ္ဂိုလ်များက တင်ပြခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တင်ပြချက်များကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါကြောင်း၊  တင်ပြချက်သည် မမှန်ကန်သည့် တင်ပြချက်ဖြစ် ကြောင်းသိရသည့်အတွက် စစ်ဆေးအရေးယူခဲ့ခြင်းဖြစ်ကြောင်း  ရှင်းလင်းဖြေကြားသည်။

 

ယင်းနောက် ဖောင်းပြင် မဲဆန္ဒနယ်မှ ဦးထွန်းဝေ၏ သက်ဆိုင်ရာတရားရုံးများသို့ သက်သေ ထွက်ဆိုရန် သွားရောက်ကြရသည့် သက်သေများအတွက် သက်သေစရိတ်ကို အမှန် ကုန်ကျစရိတ်အတိုင်း ထုတ်ပေးနိုင်ခြင်းရှိ၊ မရှိနှင့်သက်သေစရိတ်ပြတ်လပ်ခြင်းမရှိ အောင် ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီး ဦးအောင်ဇော်သိန်းက ခရီးစရိတ်ကိုမူ အမှန်တကယ် သွားလာရသော ခရီးစဉ်အတွက် ဒေသနှုန်းထားများဖြင့် အမှန်ကုန်ကျ သည့်ငွေကို ထုတ်ပေးခြင်းဖြစ် ဖြစ်ပါကြောင်း၊ တရားရုံးသို့ လာရောက်သက်သေခံသည့်  သက်သေ များအား သက်သေစရိတ်အဖြစ် ငွေကျပ် ၄၈၀ဝ ကို ထုတ်ပေးလျက်ရှိပါကြောင်း၊ တရားရုံးများအနေဖြင့် အမြဲတမ်း ကြိုတင်ဆောင်ငွေမှ သက်သေစရိတ်များကို ပေးလျက်ရှိသော်လည်း လုံလောက်မှုမရှိ သည့်အခါ ငွေထုတ်သူအရာရှိအနေဖြင့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်းနှင့်အညီ တရားရုံးနှင့် ခုံရုံးစရိတ် ခေါင်းစဉ် အောက်မှ ငွေထုတ်ယူပြီး အမှန်ကုန်ကျသော ခရီးစရိတ်များနှင့် သက်သေစရိတ် များအား ပေးချေနိုင်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်၏ အထက်တန်းရှေ့နေများ အား တရားလွှတ်တော်ရှေ့နေအဖြစ် အသိအမှတ်ပြုလက်မှတ် ပေးအပ်ရာတွင်  စာမေးပွဲ ဖြေဆိုသည့် စနစ်ကို ကျင့်သုံးရန်  အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ တရားသူ ကြီး ဦးအောင်ဇော်သိန်းက ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း၏  ကြို့ပင်ကောက် မြို့နယ်၊ ကျွဲ သေကျေးရွာအုပ်စု၌ ကျွဲသေကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်ဖွင့် လှစ်ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ (ခ)ဒေါ်ရှားမီး၏ လစာခံစားခွင့်မရှိသေး သော ဝန်ထမ်းသစ်ဆရာဝန်များအားလုံးကို ဗဟိုဝန်ထမ်းတက္ကသိုလ်တက်ရောက်စေခြင်း အစား အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး တာဝန်ယူမည့် သူများကို သာ တက်ရောက်စေရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ဗဟန်း မဲဆန္ဒနယ်မှ ဦးထွန်းမြင့်၏ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်(၂)ရပ်ကွက်ရှိ အမျိုး သားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီး ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံအား ကုတင် (၁၀ဝ) ဆံ့ အမျိုးသမီးဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း၊ ဝိုင်းမော် မဲဆန္ဒနယ်မှ ဦးလဂန်ဇယ်ဂျုံး၏ ဝိုင်းမော်မြို့နယ်ရှိ  (၂၅) ခု တင်ဆံ့ ပြည်သူ့ ဆေးရုံးကို ခုတင် (၅၀)ဆံ့ စံကိုက်ဖွဲ့စည်းပုံသို့  တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊  မရှိ မေးခွန်း၊ ဒလ မဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေး၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနလက်အောက်နှင့် အခြားဝန်ကြီးဌာနလက်အောက်တွင် တာဝန်ထမ်းဆောင်လျက် ရှိသော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအား ရုံးကိစ္စနှင့် ပတ်သက်၍ ခေါ်ဝေါ်သုံး စွဲရာတွင်လည်းကောင်း၊ ဖော်ပြရေးသားရာတွင်လည်းကောင်း သွားဘက်ဆိုင်ရာဆရာ ဝန်ဆိုသော စကားရပ်အစား သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန် ဆိုသော စကားရပ်ကို အစားထိုးသုံးစွဲပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ မန္တလေးမြို့ GMP တိုင်းရင်းဆေးဝါးစက်ရုံ အဆောက်အဦနှင့် တပ်ဆင်ထားသော စက်ပစ္စည်းများသည် GMP စံသတ်မှတ်ချက် အရည်အသွေးများ ပြည့်မီမှု ရှိ၊ မရှိနှင့် စက်ရုံကြီး ပြီးသွားပါက တိုင်းရင်းဆေးရုံနှင့်  ဆေးကုသဌာန များအတွက် လိုအပ်သော ဆေးဝါးများအား  အရည်အသွေးပြည့်မီစွာ အလုံအလောက် ထုတ်လုပ်ပေးနိုင်မည့် အခြေအနေရှိ၊ မရှိ သိလိုခြင်း မေးခွန်းတို့နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ၂၀၁၉ ခုနှစ် အပင်မျိုးသစ် အကာ အကွယ်ပေးရေး ဥပဒေကြမ်းကို လက်ခံရရှိ ကြောင်း လွှတ်တော်သို့ အသိပေးပြီး  ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးအောင်စိန်က အစီရင်ခံ စာတင်သွင်းသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် စေတုတ္တရာ မဲဆန္ဒနယ် ဦးကျော်အောင်လွင် တင်သွင်းသည့် နိုင်ငံအဝန်းတွင် စိုးရိမ်ဖွယ်မြင့်မားစွာ ဖြစ်ပွားလျက်ရှိသော ကင်ဆာရောဂါဆိုးအား ဖြစ်ပွားမှု လျော့ကျစေရန် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်ပွားစေနိုင်သည့် ကိစ္စရပ်များ  အား ဥပဒေနှင့်အညီ ထိရောက်စွာ အသိပညာပေး တားဆီးကာကွယ်စောင့်ရှောက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုအား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ကြီးသိမ့်သိင်္ဂီထွေးအောင်က မိမိတို့နိုင်ငံ တွင် ကင်ဆာရောဂါများ စောစီးစွာ သိရှိနိုင်ရေး၊ ကုသရေးတို့အတွက် ကျန်းမာရေး ဝန်ဆောင်မှုများ အကန့်အသတ်ဖြစ်နေရခြင်း၏ အဓိကအကြောင်းရင်းသည် ကျန်းမာ ရေးဆိုင်ရာ ငွေကြေးအရင်းအမြစ် နည်းပါးခြင်းကြောင့် ဖြစ်ပါကြောင်း၊ ကင်ဆာ ရောဂါ များ ကုသမှုအတွက် ငွေပေးရခြင်းသည် ရောဂါဖြစ်ပွားသူ အိမ်ထောင်စုများကို ဆင်းရဲတွင်းသို့  တွန်းပို့စေသည့် အကြောင်းတရားတစ်ခုဖြစ်နေရုံသာမက  ငွေကြေး မတတ်နိုင်သဖြင့်  ကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်းကို  စွန့်လွှတ်လိုက်ရသည်များ ဖြစ်စေပါကြောင်း၊ ကင်ဆာရောဂါများ အဓိကဖြစ်ပွားစေသည့် အရက်၊ ဆေးလိပ်  စသည့် ကုန်ပစ္စည်းတို့အပေါ် Earmarked Tax ကောက်ခံသည့်  ကျန်းမာရေးရည်စူး တပ်ဆောင်းအခွန်ငွေဥပဒေကြမ်းကို ရေးဆွဲကာ ငွေကြေးအရင်းအမြစ်တိုးပွားလာ အောင် ကြိုးပမ်းနိုင်ပါကြောင်း။

 

ပြည်သူတို့၏ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အမျိုးသား အစားအသောက်ဥပဒေပြင်ဆင်ခြင်းကို အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သင့်ပါ ကြောင်း၊ Food Test Laboratory Law ကို အသစ်ရေးဆွဲပြဋ္ဌာန်းသင့်ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာငွေကြေးအရင်းအမြစ်ပိုမိုရရှိလာစေရန် သာမက ပြည်သူလူထု၏ ဆေးလိပ်၊ အရက်စသည့် သုံးစွဲမှုများကို လျှော့ချစေသည့် ကျန်းမာရေးရည်စူး ထပ်ဆောင်းအခွန်ငွေဥပဒေကြမ်းကို ရေးဆွဲသင့်ကြောင်း အကြံပြု ဆွေးနွေးသည်။

 

ဆက်လက်၍ ခရမ်း မဲဆန္ဒနယ်မှ ဒေါက်တာဦးအေးမင်း၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးဝင်း မင်းထွန်း၊ ဒလ မဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေးနှင့် ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်းတို့က ဆွေးနွေးကြသည်။

 

ယင်းအဆိုနှင့်စပ်လျဉ်း၍  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အဆိုအား လွှတ်တော်မှ အတည်ပြုပေးရန် ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ 

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘော ထား ရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။

 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော် ၏ သဘောထားရယူရာ သဘောမတူသူမရှိသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။  


    
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင်     ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်း အဝေးသည်  ယနေ့ပြီးဆုံးမည် ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးကာလအတွင်း အစည်းအဝေး ကျင်းပရက် (၁၆) ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း(၁၃၁)ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း (၂၅၈)ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ အဆို (၁၄)ခု တင်သွင်း နိုင်ခဲ့ပြီး အတည်ပြုအဆို (၈)ခု၊ မှတ်တမ်းတင်အဆို (၃)ခုနှင့် ဆက်လက်ဆွေးနွေးရန် ကျန် အဆို (၃) ခုတို့ ဖြစ်ပါကြောင်း၊ ဆောင်ရွက်ခဲ့ သည့် ဥပဒေကြမ်း (၂၀)ခုရှိပြီး ဥပဒေ ကြမ်း(၇)ခုကို အတည်ပြုနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရန်  ဥပဒေကြမ်း (၁၃)ခု ကျန်ရှိပါကြောင်း။

 

ကော်မတီဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် အမျိုးသမီး နှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီတွင် ကော်မတီအဖွဲ့ဝင် (၁)ဦး အစားထိုးလဲလှယ် ဖွဲ့စည်းခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄) ဦး ကို ကော်မတီ များတွင်  လေ့လာသူများအဖြစ် တာဝန်ပေးအပ်ခြင်း၊ ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ၂၀၁၁ခုနှစ် အသေးစား ငွေရေးကြေး ရေးလုပ်ငန်းဥပဒေကို ဥပဒေပြုပြီးနောက် စိစစ်ခြင်း အစီရင်ခံစာနှင့် အစိုးရ၏ အာမခံ ချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာများကို အတည်ပြုခြင်း၊ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ သက်တမ်း(၁)နှစ် တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၉ခုနှစ် မေ ၇ ရက် တွင် လွှတ်တော်ရေးရာကော်မတီဥက္ကဋ္ဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ ပါကြောင်း၊ ထိုအစည်းအဝေးတွင် ကော်မတီဆိုင်ရာ ဆောင်ရွက်ချက်များနှင့် လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။

 

မိမိတို့သည် မဲဆန္ဒရှင် ပြည်သူကို ကိုယ်စားပြုပြီး လွှတ်တော်လုပ်ငန်းတာဝန်များ ကို ထမ်းဆောင်နေကြခြင်းဖြစ်ပါကြောင်း၊ ပြည်သူက အပ်နှင်းထားသည့် ဥပဒေပြုအာ ဏာကို အသုံးချပြီး နိုင်ငံသားများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် အမြဲကြိုးစား ဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိတို့အားလုံး တာဝန်သိသိ၊ သစ္စာရှိရှိနှင့် ဘက်စုံကဏ္ဍစုံတွင် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံး ဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာ တို့ ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲပြီး အချင်းချင်းအပြန်အလှန် ထိန်းညှိဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း၊ ဥပဒေပြုရေးကဏ္ဍတွင်လည်း  ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ပေးနိုင်သည့်ဥပဒေများ ရေးဆွဲပြဋ္ဌာန်းရမည် ဖြစ်ပါကြောင်း၊ ပြင်ဆင် သင့် ပြင်ဆင်ထိုက်သည်များကိုလည်း ခေတ်နှင့်လျော်ညီအောင် ပြုပြင်ပြောင်းလဲသွား ကြရမည်ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် မိမိ တို့အားလုံး လက်တွဲညီညီနှင့် ရှေ့ဆက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူ အားလုံး အေးအတူပူအမျှနှင့် ဥမကွဲသိုက်မပျက် စည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရန် စိတ်ရင်းစေတနာမှန်နှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်သွားရ မည်ဖြစ်ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် မှာကြားလိုသည်မှာ ပြည်သူကရွေးချယ်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များပီသစွာ  ပြည်သူ့အကျိုးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြပါ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို စဉ်ဆက်မပြတ် ကာကွယ်မြှင့်တင် ဆောင်ရွက်ပေးကြပါ၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြပါ၊  မဲဆန္ဒရှင် ပြည်သူ လူထုထံ ပြန်လည်ရောက်ရှိရာတွင် ပြည်သူတို့၏ လိုလားချက်များ၊ အခက်အခဲများ၊ တင်ပြချက်များကို အလေးထားမှတ်သားနားထောင်ကြပါ၊ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်းများကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်ကြပါဟု  တိုက်တွန်းမှာကြားလိုပါ ကြောင်းပြောကြားသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး  အောင်မြင်စွာ ပြီးစီးကြောင်း ကြေညာသည်။

 

အေးအေးသန့်(သတင်းစဉ်)

 

Captain The