နေပြည်တော် ၁၇ မတ်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၆၅၄ ဦးရှိသည့်အနက် ၆၃၁ ဦးတက်ရောက်ပြီး ၂၃ ဦးခွင့်တိုင်ကြားသည်။

 

123456543

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးဇော်ဝင်းက နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြန်မာနိုင်ငံဘူမိသိပ္ပံကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က နိုင်ငံတော် သမ္မတ၏ သဘောထားမှတ်ချက်များကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၈ နှင့်အညီ အဆိုတင်သွင်း ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အပိုဒ်၊ အပိုဒ်ခွဲအလိုက် ပြည့်စုံစွာ ဖော်ပြပြီး ပြည်ထောင်စုလွတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က လွှတ်တော်နှစ်ရပ်သဘော ကွဲလွဲသော စက်မှုဇုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

 

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၃ နည်းဥပဒေခွဲ() နှင့်အညီ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲနှင့် အကြောင်းအရာများကို တိကျစွာ ရေးသားဖော်ပြပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ထို့နောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန်က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ  နည်းဥပဒေ ၈၃ နည်းဥပဒေခွဲ ()နှင့်အညီ လွှတ်တော်နှစ်ရပ်သဘောကွဲလွဲသည့် အချက်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကို ယ်စားလှယ်များရှိပါက ဆွေးနွေးလိုသည့် အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာများကို ဖော်ပြလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ()တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၈ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် ()နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အတည်ပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက်အပ်နှံသည်။

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက ညွှန်ကြားရေးမှူးချုပ် ယူဆောင်လာသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၆၅၀ စောင် ဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၆၃၁  ဦးဖြစ်သည့်အတွက် အပိုဆန္ဒမဲ လက်မှတ်  ၁၉ စောင် ကို မိမိထံတွင် ထားရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းအဖွဲ့()ဖွဲ့ တို့က တာဝန်ပေးထားသည့် အကန့်အလိုက် နေရာယူကြသည်။

 

ထို့နောက် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားရေးမှူးချုပ်ထံမှ လာရောက်ထုတ်ယူပြီး အကန့်အလိုက် တာဝန်ပေးထားသည့် ဝန်ထမ်းအဖွဲ့()ဖွဲ့ထံသို့ အစည်းအဝေး တက်ရောက်မှုအင်အားအတိုင်း ခွဲဝေပေးသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် () ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးကြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက သတ်မှတ်နေရာတွင် လျှို့ဝှက် ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးသည်။

 

ဆန္ဒမဲပေးမှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာတာဝန်ခံများက ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဖွင့်လှစ်၍ ထုတ်ပေးထားသည့် ဆန္ဒမဲ လက်မှတ်အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့်ဆန္ဒမဲ လက်မှတ်အရေအတွက် အခြေအနေကို စစ်ဆေးရေတွက်သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်ကိုယ်စားလှယ်များထံ ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် ၆၃၁ စောင်ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက်သည်လည်း ၆၃၁ စောင်ဖြစ်သည့်အတွက် ကိုက်ညီမှုရှိကြောင်းနှင့် ဆန္ဒမဲပေးမှုအထ မြောက်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ်ရေတွက်မှုကို ဝန်ထမ်းအဖွဲ့ ()ဖွဲ့ဖြင့် သတ်မှတ်နေရာအသီးသီး၌ တစ်ပြိုင်တည်း ရေတွက်ကြရာ  နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် အမည်စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များက သတ်မှတ်နေရာများ၌ ကြီးကြပ်စောင့်ကြည့်ကြသည်။

 

ဆက်လက်၍ အဖွဲ့ ()ဖွဲ့ခွဲ၍ အသေးစိတ်စိစစ်ရေတွက်မှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ ရုံးအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် ကိုယ်စားလှယ်()ဦးပါဝင်သည့် အဖွဲ့က ကြီးကြပ်ပြီး စာရင်းချုပ်နှင့် ထောက်ခံဆန္ဒမဲအရေအတွက် ရာခိုင်နှုန်းတွက်ချက်မှုတို့ကို ဆက်လက်ဆောင်ရွက်သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ယနေ့လွှတ်တော်၏ အဆုံးအဖြတ်ရယူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထောက်ခံဆန္ဒမဲ ရရှိမှု အရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ရ၊ မရနှင့် လွှတ်တော်၏ ဆုံးဖြတ်အတည်ပြုချက်တို့ကို ကြေညာရာတွင် ပုဒ်မ ၂၃၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်() ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၈၀ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၃၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်() နောက်တွင် ပုဒ်မခွဲငယ်() အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၅ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၃၂ ပုဒ်မခွဲ() ပုဒ်မခွဲငယ်() ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၀ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၃၂ ပုဒ်မခွဲ() ပုဒ်မခွဲငယ်() ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၃၂ ပုဒ်မခွဲ() ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း။

 

ပုဒ်မ ၂၃၄  ပုဒ်မခွဲ(က) ခြေဆင်းပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၂ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါ ကြောင်း၊ ပုဒ်မ ၂၃၄ ပုဒ်မခွဲ()ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၈ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၃၅ ပုဒ်မခွဲ ()ပုဒ်မခွဲငယ် ()ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတ်ိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၃၇ ပုဒ်မခွဲ(က) ခြေဆင်းပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၅ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခ်ိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၃၇ ပုဒ်မခွဲ(က)ပုဒ်မခွဲငယ်() ပုဒ်မခွဲငယ်စိတ် (ဃဃ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၁ မဲဖြစ်ပြီးထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း။

 

ပုဒ်မ ၂၃၉ ပုဒ်မခွဲ (က) ခြေဆင်းပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ  ၄၁၂ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၃၉ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်() ပုဒ်မခွဲငယ်စိတ်(ဃဃ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၄ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၄၂ ပုဒ်မခွဲ (က)ခြေဆင်း ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၄၂  ပုဒ်မခွဲ (က) ပုဒ်မခွဲငယ်() ပုဒ်မခွဲငယ်စိတ် (ဂဂ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၈ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင် နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၄၄ ပုဒ်မခွဲ (က) ခြေဆင်း ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း။

 

ပုဒ်မ ၂၄၄ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်() ပုဒ်မခွဲငယ်စိတ် (ဂဂ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၂ မဲဖြစ်ပြီး  ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက်  မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၆၁ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်() နောက်တွင် ပုဒ်မခွဲ ငယ် ()အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၆၁ ပုဒ်မခွဲ () ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၃၉ မဲဖြစ်ပြီး  ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်နာယကက ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ()တွင် အကျုံးဝင်သည့် ဆန္ဒမဲလက်မှတ် ()နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းအစီအစဉ်ပြီးဆုံးပြီဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆန္ဒမဲလက်မှတ်()နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက် ဗုဒ္ဓဟူးနေ့တွင်  ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကို မတ် ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - စိုးဝင်းထွန်း