နေပြည်တော်၊   ဧပြီ ၂၈

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျင်းပသော ဒုတိယအကြိမ် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာယဉ်ကျေး လိမ္မာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ (မြေညီထပ်)၌ ကျင်းပသည်။

 

အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်း(YMBA)မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။

 

အခမ်းအနား ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက  သင်တန်းကာလအတွင်း သုံးဆယ့်ရှစ်ဖြာမင်္ဂလာ တရားတော် တွင်ပါရှိသည့် ပေါင်းသင်းဆက်ဆံ ရေးတွင် မည်သည့်ပုဂ္ဂိုလ်များကို ရွေးချယ်ပေါင်း သင်းရမည်၊ ဆည်းကပ်ရမည်၊ နေထိုင်ရေးတွင် မည်သည့်အရပ်ဒေသကို ရွေးချယ် နေထိုင်ရမည် ဟူသည့် အဆုံးအမ များပါဝင်ကြောင်းကို သိရှိနား လည်မည်ဟု ယုံကြည်ပါကြောင်း။

 

ပညာသင်ကြားရေးတွင် အသိပညာတိုးပွားအောင်လေ့လာဆည်းပူးထားရန်နှင့် အတတ် ပညာများကို သင်ကြားထားဖို့ လိုအပ်ကြောင်း၊ စကားပြောဆိုရာတွင် ယဉ်ယဉ်ကျေးကျေး၊ ချိုချို သာသာ ပြောကြား တတ်ရန် “သုဘာသိတ”ဟု ဟောကြားထားကြောင်း၊ မိဘဆရာသမား၊ အကြီး အကဲတို့က ပြောဆိုဆုံးမ ရာတွင်လည်း ဆိုဆုံးမလွယ်သူ၊ နာခံတတ်သူဖြစ်ဖို့ လိုအပ်ကြောင်းကို “သောဝစဿတာ” ဟု ဟောကြား ထားကြောင်း၊ သားတို့သမီးတို့အနေဖြင့် နိုင်ငံတော်အတွက် အားကိုးထိုက်၊ အားထား ထိုက်သည့် သားကောင်း၊ သမီးမွန်များဖြစ်မည်ဟု အကြွင်းမဲ့ယုံကြည်ပါကြောင်း၊ သင်တန်းတွင် ပို့ချပေးခဲ့သည့် “ပြည်သူ့နီတိ” ဘာသာရပ်မှာလည်း ဘုရားရှင်ဟောကြားခဲ့သော အဆုံးအမ ဒေသနာများနှင့် မြန်မာ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို အများဆုံးအခြေခံ၍ ရေးသားပြဋ္ဌာန်းထားတဲ့အတွက် လူမှုနယ်ပယ် တွင် “နိုင်ငံကြီးသားပီသရန်” လေ့ကျင့်ပျိုးထောင် ပေးခြင်းပင်ဖြစ်ကြောင်း၊ “အမျိုးဘာသာ သာသနာတော် ကို စောင့်ရှောက်တတ်သည့် နိုင်ငံသား ကောင်း၊ သမီးမွန်လေးများ ပေါ်ထွန်းလာစေရန်” ဟူသော သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည် ရွယ်ချက်နှင့်လည်း ကိုက်ညီပါကြောင်းပြောကြားသည်။

 

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)မှ သင်တန်းနည်းပြဆရာ ၄ ဦးနှင့် ဌာနတွင်းမှ နည်းပြဆရာမ (၅)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်း က သင်တန်းဆင်း ကျောင်းသား/ ကျောင်းသူများ ကိုယ်စား ကျောင်းသား/ ကျောင်းသူ ၃ ဦးတို့ကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျောင်းသား ၁ ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား/သူ ၇၀  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)