၂၃ ဇူလိုင်
ဒုတိယအကြိမ်မြောက် Prestige Wedding Show Case 2019 ပွဲကို ဇူလိုင် ၂၈ နှင့် ၂၉ ရက် နံနက် ၁၀ နာရီ မှ ည ၉နာ ရီခွဲအထိ ရန်ကုန်မြို့ ဆူလေးရှန်ဂရီလာဟိုတယ်၌ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
'' ဝါကျွတ်ကာလမှာ မင်္ဂလာဆောင်မယ့် သတိုးသား၊ သတိုးသမီးတွေအနေနဲ့ One Stop Wedding Service သိရှိနိုင်အောင်လို့ပါ။ခန့်မှန်း ကုန်စရိတ်တွေကိုလည်း တွက်ချက်ပေးမှာဖြစ်တယ်။ ကိုယ့်မင်္ဂလာဆောင်အတွက် မင်္ဂလာဆွမ်းကျွေးနဲ့ လက်မှတ်ရေးထိုးဖို့ ဝတ်စုံပိုင်းပတ်သက်ပြီးတော့ သိ ရှိနိုင်အောင်လို့ပါ။မင်္ဂလာဆောင်ပွဲမှာ ကိုယ့်လိုအပ် တဲ့အပိုင်းတွေကိုလည်း ရွေးချယ်ခွင့်ရအောင် လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်''ဟု ၎င်းတာဝန်ရှိသူ မသန္တာဆွေ ကပြောသည်။
အဆိုပါ One Stop Wedding Service Collection ရှိုးပွဲတွင် မိတ်ကပ်ပညာရှင် မေဦး မောင် (တော်ဝင်သူ) က ပြင်ဆင်ချယ်သပေးပြီး Forever Gem by ရွှေနန်းတော်မှ လက်ဝတ်ရတနာများကို ဆင်မြန်းပေးမည်ဖြစ်သည်။ ဇူလိုင် ၂၈ ရက် ညနေ ၃ နာရီတွင် ဒီဇိုင်နာ ဌေးဌေး တင်၊ဒီဇိုင်နာ ဖြူလေး ၊ဒီဇိုင်နာ ဝင့်ယုံ (Unique)၊ ထူးထူး (ထိပ် ထားဖက်ရှင်) တို့က မြန်မာဝတ်စုံ၊ ဂါဝန်၊ ပွဲတက်ဝတ်စုံများပြသမည်ဖြစ်ပြီး ဇူလိုင် ၂၉ရက် ညနေ ၅ နာရီတွင် ဒီဇိုင်နာ ပြည်စိုးအောင်၊ မပုံ့ (My Favourite)၊ ဒီဇိုင်နာ ဌေးဌေးတင်(Shimi Zu) ၊ စန္ဒီလင်းနိုင် (Touched By Heart)၊ ယုဝါအောင် (Radiance Fashion Collection) တို့က ထိုင်မသိမ်း နှင့် ဂါဝန်များကို အလှည့်ကျပြသသွားမည်ဖြစ်ပြီး မင်္ဂလာပွဲနှင့် ဆပ်စပ်ပစ္စည်းများရရှိမ ည့် ဆိုင်ခန်း ၁၈ ဆိုင်က ၅ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ အထူးလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုလင်း