တိုကျို ၁၆ ဩဂုတ်
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးခြင်း (၇၅)နှစ်ပြည့် အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့ရာ စစ်အတွင်း၌ ကျဆုံးခဲ့သူများကို နိုင်ငံသားများက ဂုဏ်ပြုခဲ့ကြသည်။
ယခုကျင်းပသော အခမ်းအနားမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့်တက်ရောက်သူ နည်းပါးခဲ့သည် အခမ်းအနား တက်ရောက်သူများက စစ်အတွင်း ကျဆုံးခဲ့သူ ၃ ဒသမ ၁ သန်းကို ဂုဏ်ပြုသောအားဖြင့် ခေတ္တငြိမ်သက်ပြီး အရိုအသေပြုခဲ့ကြသည်။
ထိုအခမ်းအနားသို့ ဂျပန်ဧကရာဇ် နာရူဟီတိုနှင့် ကြင်ရာတော် မာဆာကိုတို့ တက်ရောက်ခဲ့သည်။ ယခုအခမ်းအနားသည် ကိုရိုနာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားသောအချိန်မှ ယခုအချိန်အထိ ဂျပန်ဧကရာဇ်နှင့် ကြင်ရာတော်တို့ ပထမဆုံးတက်ရောက်သော အခမ်းအနား ဖြစ်သည်။
စစ်ပြီးကာလ ငြိမ်းချမ်းရေးရရှိသော အချိန်မှစတင်ပြီး ကျွန်ုပ်တို့၏ စိတ်ထဲတွင် အတိတ်ကို ပြန်လည်သုံးသပ်ပါက ဝမ်းနည်းမှုကို ခံစားရကြောင်း၊ စစ်ကြောင့်ဖြစ်လာခဲ့သော ထိခိုက်မှုများကို အောက်မေ့သတိရသည့် အနေဖြင့် စစ်အတွင်းက အသက်ဆုံးရှုံးခဲ့သူများကိုလည်း ဂုဏ်ပြုကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဂျပန်နိုင်ငံ တိုးတက်ရေးအတွက်တောင်းဆုပြုပါကြောင်း နာရူဟီတိုက ပြောကြားသည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ