နေပြည်တော် ၊ အောက်တိုဘာ ၄

 

နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် သက်ဆိုင်ရာ ဌာနကြီးမှူးများ၊ တာ၀န်ရှိသူများနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ်ရှိ  တပ်ကုန်း အသား ထုတ်နယ်မြေ (ခရမ်းစပ်ကုန်း) အသားထုတ်ရုံ (အမဲ၊ ဆိတ်၊ ဝက် ) အဆောက်အဦများနှင့် အမှုထမ်း ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ (၁) ထပ် အဆောက်အဦ ဆောက်လုပ်နေမှု၊ လုံခြုံရေး ဂိတ်အဆောက်အဦနှင့် ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တပ်ကုန်းမြို့ အဝင် ဆိုင်းဘုတ်ပတ်ဝန်းကျင် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေး လုပ်ငန်းဆောင်ရွက်နေမှု၊ တပ်ကုန်းမြို့တွင်း ပလက်ဖောင်းများ အဆင့်မြှင့်တင်ခြင်းနှင့် လက်ရန်း (Hand Rail) များ တပ်ဆင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး၊ အမှုထမ်း ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၂) ထပ် ဆောက်လုပ် ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်