ရန်ကုန် ဖေဖော်ဝါရီ ၁၇
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ သည် ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း တွင် အလုံမြို့နယ် သစ်တောရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ ပုဇွန်တောင်မြို့နယ် အမှတ်(၅)ရပ်ကွက် ညောင်တန်းလမ်း အမှတ်(၃) အခြေခံပညာ အလယ် တန်းကျောင်း၊ ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် သစ္စာလမ်းရှိ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် သာကေတမြို့နယ် မြောက်ရပ်ကွပ် သဒ္ဒါရုံလမ်းရှိ အမှတ်(၂၆) အခြေခံပညာမူလတန်းကျောင်းတို့တွင် သန့်ရှင်းသာယာလှပစေရေးအတွက် စနေနေ့ လုပ်အားပေး ဆောင်ရွက်နေမှုများနှင့် ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက် မာလာနွယ်လမ်း ကွန်ကရိခင်းကျင်းပြီးစီးမှုနှင့် အလုံမြို့နယ် သစ်တောလမ်း လမ်းသားတိုးချဲ့ကွန်ကရိခင်း ကျင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) မှ ဆောင်ရွက်သည့် ဒေါပုံမြို့နယ် ဗမာအေးရပ်ကွက် မာလာနွယ်လမ်း ကွန်ကရိလမ်းခင်းကျင်း ပြီးစီးမှုကိုလည်းကောင်း၊ အလုံမြို့နယ် စောရန်ပိုင်တောင်ရပ်ကွက်ရှိ သစ်တောလမ်းဘေး (ဝဲ၊ယာ) (အောက်ကြည့်မြင်တိုင်လမ်းမှ မင်းရဲကျော်စွာလမ်းအထိ) လမ်းသားတိုးချဲ့ ကွန်ကရိ ခင်းကျင်းနေမှုနှင့် ဆက်လက်ခင်းကျင်းရန် မြေပြုပြင်နေမှု၊ လူသွားစင်္ကြံပြုလုပ်ရန် မြေညှိ ပြုပြင်နေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်