နေပြည်တော် ၃၁ ဇူလိုင်

ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်သည် အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကျွမ်းကျင်သူ Ms. Mohottalalage Thanuja Dayadari Navartne နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဥပဒေပြုရေးအခန်းကဏ္ဍတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပါဝင်ဆောင်ရွက်ရသည့်လုပ်ငန်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပြင်ဆင်ရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏မဟာဗျူဟာ စီမံကိန်း(၂၀၂၀-၂၀၂၄) မူကြမ်းပါ ရည်မှန်းချက်ပန်းတိုင် ၆ ရပ်နှင့် သက်ဆိုင်သည့်လုပ်ငန်း၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများတွင် ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်