ရန်ကုန် ၁၈ နိုဝင်ဘာ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပမည့်  အာရှ-ပစိဖိတ် ထိပ်သီးအစည်း အဝေးသို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဒုတိယသမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဌာနဆိုင်ရာတာဝန်ရှိ သူများ နှင့် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံး တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဒုတိယသမ္မတနှင့်အတူ အဖွဲ့ဝင်များအဖြစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါသွားကြသည်။

(သတင်းစဉ်)