ဆိုးလ် ဖေဖော်ဝါရီ

 

ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်ရီဗန်ထီးယူသည် ယနေ့တွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ (Peace, Security and Human Development World Summit 2020); Assembly and International Summit Council for Peace မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြားပြီး Dr. Hak Ja Han Moon အတ္ထုပတ္တိမိတ်ဆက်ခြင်းနှင့် Mother Foundation ဖွင့်လှစ်ခြင်း အထိမ်းအမှတ် ညစာစားပွဲသို့ တက်ရောက်သည်။

 

pood

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒေသစံတော်ချိန် နံနက် နာရီခွဲတွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ (Peace, Security and Human Development World Summit 2020); Assembly and International Summit Council for Peace မျက်နှာစုံညီ အစည်းအဝေးကျင်းပမည့် Kintex Center သို့ရောက်ရှိရာ Peace, Security and Human Development World Summit 2020 အထွေထွေအတွင်းရေးမှူး Dr. Young Ho Yun နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။


 

ddd2

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ (Peace, Security and Human Development World Summit 2020); Assembly and International Summit Council for Peace မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်လာကြသည့် Universal Peace Federation – (UPF) Founder နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ နိုင်ငံခေါင်းဆောင်ဟောင်းများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

 

ယင်းနောက် မျက်နှာစုံညီအစည်းအဝေးကို ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာဟွန်ဆန်၊ ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတ Mrs. Maria Leonor Robredo နိုင်ဂျာနိုင်ငံဝန်ကြီးချုပ် Mr. Brigi Rayini ကိုရီးယားသမ္မတနိုင်ငံ လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ Mr. Lee Joo Young UPF Founder Dr. Hak Ja Han Moon ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Mr.  Ban ki Moon နှင့် ကမ္ဘာ့နိုင်ငံများမှ နိုင်ငံခေါင်းဆောင်ဟောင်းများက မိန့်ခွန်းများပြောကြားကြသည်။

 

hggf2

 

ဒုတိယသမ္မတ ဦးဟန်နီရီဗန်ထီးယူက မိန့်ခွန်းပြောကြားရာတွင် ယခုထိပ်သီး အစည်းအဝေးကြီးသည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်နိုင်ရန်နှင့် ကမ္ဘာ့လူသားအားလုံးအတွက် ငြိမ်းချမ်းရေးယဉ်ကျေးမှုကို မြှင့်တင်နိုင်ရန် အမြင်ခြင်း ဖလှယ်နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 

တည်ငြိမ်အေးချမ်းသော သာယာဝပြောတိုးတက်သော ကမ္ဘာကြီးကို တည်ဆောက်နိုင်ရန် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်သဖြင့် ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းတို့ဖြင့် အပြန်အလှန်ယုံကြည်နားလည်မှုနှင့် သည်းခံနိုင်မှုတို့ကို တည်ဆောက်ရန်လိုအပ်ပါကြောင်း။

 

မိမိတို့နေထိုင်သော ကမ္ဘာကြီးသည် သဘာဝတရားနှင့် လူ့ပယောဂများကြောင့် စိန်ခေါ်မှုများနှင့် မသေခြာမရေရာမှုများကို ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ယင်းတို့သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုကိုသာမက လူသားတို့၏တည်ရှိမှုကိုပါ ခြိမ်းခြောက်လာသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး ကြိုးပမ်းတည်ဆောက်မှုများအပေါ် ဆိုးကျိုးများ သက်ရောက်လာစေပါကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းနှင့် အကြမ်းဖက်မှုတို့အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် တစ်နိုင်ငံတည်းက သာလုပ်ဆောင်မရသဖြင့် ကမ္ဘာ့နိုင်ငံများ ပူးပေါင်းရင်ဆိုင်ဖြေရှင်းကြရမည်ဖြစ်ပါကြောင်း။

 

လူသားများ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးသည် အရေးကြီးသဖြင့် ငြိမ်းချမ်းရေးယဉ်ကျေးမှုကို မြှင့်တင်ခြင်းဖြင့် လူ့အဖွဲ့အစည်းအတွင်း အကြမ်းဖက်မှုများနှင့် ပဋိပက္ခများကို ကာကွယ်ရာရောက်ပါကြောင်း။

 

မိမိတို့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ ပြည့်စုံစေရန် အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

 

လူငယ်များသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသောအရင်းအမြစ်အဖြစ် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လူငယ်များအကြား အဆင့်တိုင်း၌ အရည်အသွေးမြင့်မားသော ပညာရေးကို တန်းတူညီမျှ ရရှိပိုင်ခွင့်ရှိစေရန် အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် မိဘများအနေဖြင့်ဝိုင်းဝန်း ကြိုးပမ်းတည်ဆောက်ရန် လိုအပ်ပါကြောင်း။

 

လူသားများဖွံ့ဖြိုးမှု ရရှိစေရေး၏ အဓိက ရည်ရွယ်ချက်သည် ပြည်သူများ၏လွတ် လပ်ခွင့်နှင့် လူမှုဘဝများကို မြှင့်တင်ပေးရန်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်ရင်ကြားစေ့ရေးကို မြှင့်တင်ရာတွင် မြန်မာနိုင်ငံ၏ အတွေ့အကြုံကို အကျဉ်းချုံး မျှဝေလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်ကြပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ရှည်လျားသော သမိုင်းကြောင်းရှိခဲ့ပါကြောင်း။

 

မိမိတို့အစိုးရ တာဝန်ယူပြီး မကြာမီ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် ဦးစားပေးလုပ်ငန်းစဉ် အဖြစ်သတ်မှတ်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၈) ဖွဲ့နှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ငြိမ်းချမ်းရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ()ကြိမ်ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အခြေခံမူ(၅၁)ချက်ကို သဘောတူညီချက်ရခဲ့ပြီး ဖြစ်ပါကြောင်း၊ စိန်ခေါ်မှုများစွာ ရှိနေသေးသော်လည်း ပြည်တွင်းပဋိပက္ခ ဖြေရှင်းရန်အတွက် နိုင်ငံရေးဆွေးနွေးပွဲ ယဉ်ကျေးမှုကို ပြည်သူများကနည်းလမ်းတစ်ခုအဖြစ် လက်ခံလာခဲ့ကြပါကြောင်း၊ ခိုင်မာသည့်ငြိမ်းချမ်းရေးသည်သာ မြန်မာနိုင်ငံ၏ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်ဟု မိမိတို့အခိုင်အမာယုံကြည်ပါကြောင်း၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားများဖွံ့ဖြိုးတိုးတက်မှုတို့သည် ကမ္ဘာ့လူသားများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့်အတွက် ပြည်သူလူထု၊ အစိုးရများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် အဖွဲ့အစည်းများအနေဖြင့် တစ်ဦးနှင့် တစ်ဦး တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြုသဘောဆောင်ကူညီရင်း အတူတကွကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့သည်။

 

kl;

 

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီး အစည်းအဝေး - ၂၀၂၀ (Peace , Security and Human Development World Summit 2020) အထွေထွေအတွင်းရေးမှူး Dr. Young Ho Yun တို့သည် မြန်မာနိုင်ငံ၌ ၂၀၂၀ ခုနှစ်အတွင်း  အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကျင်းပနိုင်ရန်  မြန်မာအစိုးရနှင့် UPF တို့အကြား Letter of Intent ကို လက်မှတ်ရေးထိုးကြသည်။

 

အလားတူ အာဖရိကနိုင်ငံများ ထိပ်သီးအစည်းအဝေးကျင်းပနိုင်ရန် နိုင်ဂျာနိုင်ငံဝန်ကြီးချုပ်၊ အာဖရိကသမဂ္ဂကိုယ်စားလှယ်နှင့် UPF အတွင်းရေးမှူးတို့က Letter of Intent ကို လက်မှတ်ရေးထိုးကြသည်။

 

အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဦးစိုးဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ppoop

 

ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှုဆိုင်ရာ ကမ္ဘာ့ထိပ်သီးအစည်းအဝေး - ၂၀၂၀ (Peace, Security and Human Development World Summit 2020); Assembly and International Summit Council for Peace မျက်နှာစုံညီအစည်းအဝေးကို ဖေဖော်ဝါရီ ရက်မှ ရက်ထိကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၇၁ နိုင်ငံမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် နိုင်ငံခေါင်းဆောင်ဟောင်း (၂၅)ဦး အပါအဝင် ကိုယ်စားလှယ်စုစုပေါင်း (၆၀၀၀)ခန့် တက်ရောက်ကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယသမ္မတသည် World Summit 2020 အထိမ်းအမှတ် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

 

ညနေပိုင်းတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် UPF တည်ထောင်သူ Dr. Hakja Han Moon အတ္ထုပတ္တိမိတ်ဆက်ခြင်းနှင့် Mother Foundation စတင် တည်ထောင်ခြင်း အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

 

သတင်းစဉ်