ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကို မောင်နှမ အပေါင်းတို့ခင်ဗျား -

၂၀၂၀ ပြည့်နှစ် နှစ်သစ် အခါသမယမှာ အမိပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးနှင့်တကွ တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး ဘေးဘယာ ကင်းဝေးကြပါစေ၊ အားလုံး မျှော်လင့်တောင့်တနေကြသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိပြီး သာယာဝပြောသည့် နိုင်ငံတော်ကြီး တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ နှစ်သစ်မှာ တိုင်းရင်းသား ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။