ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အိန္ဒိယတပ်မတော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အား လက်ခံတွေ့ဆုံ

နေပြည်တော်  ၁၅  မတ်  
    

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် မြန်မာ-အိန္ဒိယ 4th  Army to Army Staff Talk အစည်းအဝေး တက်ရောက်ခဲ့သည့် အိန္ဒိယတပ်မတော်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်စစ်ဆေးရေးအရာရှိချုပ် Major General Pradeep Chandran Nair  နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
    

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးတိုးမြှင့် ဆောင် ရွက်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များနှင့် မြန်မာ-အိန္ဒိယ 4th  Army to Army Staff Talk အစည်းအဝေး ကျင်းပနိုင်ခဲ့မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြကြောင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရသိရသည်။


(သတင်းစဉ်)

 

1