ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီနှင့် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစုဝင်များကို သွားနှင့်ခံတွင်း ကုသပေးနေမှု ကြည့်ရှုအားပေး

နေပြည်တော် ဧပြီ ၂၂

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမတွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့ဦးစီး ဌာနများမှ တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့်် မိသားစုဝင် စုစုပေါင်း(၂၆၀)တို့ကိုယနေ့နံနက်၉နာရီက ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာန၊ သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှု နယ်လှည့်ကွင်းဆင်းဆေး ကုသရေး အဖွဲ့မှ ကျန်းမာရေးဝန်ထမ်း(၂၈)ဦးတို့က သွားဖာခြင်း၊ သွားနှုတ်ခြင်းနှင့် သွားနှင့်ခံတွင်း သန့်ရှင်းရေးပြုလုပ်ပေးခြင်းတို့ကို အခမဲ့ကုသဆောင်ရွက်ပေးသည်။

သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုခံယူကြသည့် တပ်ဖွဲ့ဝင်/ ဝန်ထမ်းများနှင့် မိသားစုဝင်များကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် တိုးရီ၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်ဇနီး၊ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦး နှင့်ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဇနီးများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများက ကြည့်ရှုအားပေးကြပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ နယ်လှည့် ကွင်းဆင်း ဆေးကုသရေးအဖွဲ့ကို ဒုတိယဝန်ကြီးများက ထောက်ပံ့ငွေနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်