နေပြည်တော် ဇူလိုင်  ၂၁
           
နယ်စပ်ရေးရာဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည်  တာဝန်ရှိသူ များနှင့်အတူ  ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်သို့ ရောက်ရှိကာ ကျောင်းဝင်းအတွင်း စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှု၊ နို့စားနွား မွေးမြူရေးခြံနှင့် ဘဲ မွေးမြူရေးခြံ ဆောက်လုပ်မည့် လျာထားမြေနေရာ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိသည့် ၄ ထပ် အင်ဂျင်နီယာအလုပ်ရုံ ဆောက်လုပ်ခြင်းအပါအဝင် တည်ဆောက်ရေး လုပ်ငန်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး စံချိန်စံညွှန်းပြည့်မီ၍ သတ်မှတ်ချိန်အတွင်း ပြီးစီး အောင်ဆောင်ရွက်ရေးမှာကြားသည်။   
       
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အတူ မအူပင်မြို့နှင့် ဘိုကလေးမြို့များရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများသို့ သွားရောက်ပြီး သင်တန်းကျောင်း ခန်းမတွင် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများကိုလှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။  
    
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇူလိုင် ၂၀ ရက်  နံနက်ပိုင်းတွင်  ပုသိမ်မြို့ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး တိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ကျောင်းဝင်း အတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ သင်တန်းသူများ လက်တွေ့သင်ကြား လေ့ကျင့်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်၊၊
    
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လပွတ္တာမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် များ စက်မှုလက်မှုပညာ သင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်းများသို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်းရှိ အိပ်ဆောင်များ၊ စားရိပ်သာ၊ သင်တန်းသား၏ လက်တွေ့သင်ကြား လေ့ကျင့်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
    
နယ်စပ်ရေးရာဝန်ကြီးဌာန အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် မအူပင်မြို့နှင့် ဘိုကလေးမြို့တို့တွင် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၁ ကျောင်းစီ၊ ပုသိမ်မြို့နှင့် လပွတ္တာမြို့တို့တွင် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၁ ကျောင်းစီနှင့် လပွတ္တာမြို့တွင် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၁ ကျောင်း၊ စုစုပေါင်း          ၅ ကျောင်း တည်ထောင်ဖွင့်လှစ်ကာ ဒေသခံတိုင်းရင်းသား လူငယ်များနှင့် အမျိုးသမီးငယ်များကို အခြေခံပညာနှင့် အသက်မွေး ဝမ်းကြောင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း သိရ သည်။

(သတင်းစဉ်)