ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


နေပြည်တော် မေ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် ၁၀၉ ဒသမ ၈ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လင်းခေးမြို့နယ် ဟိုမိန်းမြို့ လုလေကျေးရွာ ဘုန်းတော်ကြီးကျောင်း ပေ (၆၀ x ၃၀) တစ်ထပ် အသစ်တစ်လုံး ဆောက်လုပ်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေး၍ ကျောင်းထိုင်ဆရာတော်ထံ လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ကျေးရွာသူ ကျေးရွာသားများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေကျပ် ၂၈၅ ဒသမ ၂ သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် လင်းခေးမြို့နယ် ဟိုမိန်းမြို့ ဟိုမိန်း-နားမွန်းလုံ ကျေးရွာသွားလမ်းပေါ်ရှိ ပန်သပြေရွာအဝင် ၂၅ ပေ သံကူကွန်ကရစ်တံတား တစ်စင်း၊ ပန်သပြေကျေးရွာ ရွာလယ် ပေ ၃၀ သံကူကွန်ကရစ် တံတားတစ်စင်းနှင့် နားမွန်းလုံကျေးရွာပေ ၂၀ သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဟိုမိန်းမြို့တွင်း လမ်း သုံးမိုင် ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် နေရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်