ရန်ကုန် ၂၄ စက်တင်ဘာ


နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်သည် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဌေးဦးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၌  ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ၏ စာပေပညာသင်ကြားရေးနှင့် နေထိုင်စားသောက်ရေးတို့ကို ကြည့်ရှုစစ်ဆေးသည်။    


ထို့နောက် ဒုတိယဝန်ကြီးသည် ဘွဲ့နှင်းသဘင်ခန်းမ၌ စီမံ/လေ့ကျင့်/သင်ကြား ဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် ဒီဂရီကောလိပ်ကျောင်းများသည် ရည်မှန်းချက်(၄)ရပ်၊ ရည်ရွယ်ချက် (၅)ရပ်နှင့်အညီ ဖွင့်လှစ်သင်ကြားနေသော ကျောင်းဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများကိုလည်း ရွေးချယ်မှုအဆင့်ဆင့်ဖြင့် ရွေးချယ်၍ နေထိုင်မှု၊ စားသောက်မှုများကို နိုင်ငံတော်အစိုးရမှ တာဝန်ယူပံ့ပိုးပေးနေပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများဘက်မှလည်း နိုင်ငံတော်အစိုးရ၏ မျှော်မှန်းချက်များအတိုင်း ဖြစ်လာအောင် လိုက်နာကြိုးစားကြရန် လိုအပ်ကြောင်း၊ စည်းကမ်းရှိကြရန် လိုအပ်ကြောင်း၊ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် တစ်ဉီးနှင့်တစ်ဉီး ညီအစ်ကို မောင်နှမအရင်းများသဖွယ် နေထိုင်သွားကြရန်နှင့် နိုင်ငံတော်အား တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည့် သားကောင်း/သမီးကောင်း ဖြစ်လာစေရန် ပညာကို ကြိုးစားသင်ယူသွားကြရန်နှင့် ဆရာ/ဆရာမများမှလည်း ဆရာကောင်းတို့၏ ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦး၏ အရည်အသွေးများနှင့်အညီ တပည့်သားသမီးများအပေါ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ တက္ကသိုလ်စာပေပညာရပ်များသာမက စိတ်ဓာတ်၊ စည်းကမ်းကောင်းသော လူငယ်များဖြစ်လာစေရေး  ပြုစုပျိုးထောင်ပေးသွားကြရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ၊ ဌာနမှူးများနှင့်တွေ့ဆုံကာ ကျောင်းအုပ်ကြီး၏ ကျောင်းပိုင်းဆိုင်ရာ ရှင်းလင်းချက်များနှင့် ဆရာ/ ဆရာမများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်