နေပြည်တော် ဇူလိုင် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဇူလိုင် ၁ ရက် ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တွေ့ဆုံ၍ မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်နိုင်ရေး၊ ဒေသရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံမျိုးများပြောင်း လဲ အသုံးပြုနိုင်ရေး၊ (၁)နှစ် သုံးသီး စိုက်ပျိုးထုတ်လုပ်သည့် ဧရိယာတိုးတက်လာရေး၊ မြစ်ရေတင်လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ဆောင်ရွက်ပေးနိုင်ရေး၊ ရေချိုအရင်း မြစ်များ ရှာဖွေဖော်ထုတ်၍ ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ဧကတိုးချဲ့ရေး ဆိုင်ရာကိစ္စပ်များကို ဆွေးနွေးသည်။
ဇူလိုင် ၂ ရက်တွင် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနပိုင် တမာပိုးသတ် ဆေးစက်ရုံကို ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် Myanma Pesticides Industry Co.,Ltd ၏ တမားပိုးသတ်ဆေးထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီ ရေးဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ရေနံချောင်းမြို့နယ်၊ စလင်းမြို့နယ်၊ ဆိပ်ဖြူ မြို့နယ်များမှ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ ကုန်ထုတ်စွမ်းအားနှင့် ဝင်ငွေတိုးတက်ရေးဆိုင်ရာများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စပါး၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးထောက်ပံ့ ပေးနေမှု၊ မကွေးတိုင်းဒေသကြီးတွင် စိုက်ပျိုးဖြစ်ထွန်းသည့် ကြက်သွန်နီ စိုက်ပျိုးထုတ် လုပ်မှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းများ၊ ဝန်ကြီးဌာန၏ နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးပြောကြားပြီး တောင်သူ များ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ချောက်မြို့နယ်၊ ဂွေးချို အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ရောက်ရှိပြီး စိုက်ပျိုးမွေးမြူရေး ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ကျောင်းသုံးစာအုပ်များ၊ အဟာရ ဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျောက်ပန်းတောင်းမြို့နယ် မကျီးတိုင်းကျေးရွာ အနီးရှိ ကြက်မောက်တောင်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု၊ တမံကြံ့ခိုင်မှုနှင့် ရေပေးဝေနေမှုကိုလည်းကောင်း၊ မိတ္ထီလာမြို့နယ် ညောင်ပင်သာကျေးရွာရှိ ကောင်း ထက်စံ နို့စားနွားမွေးမြူရေးခြံ၏ နို့စားနွားမွေးမြူထားရှိမှု၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးထား ရှိမှုနှင့် ဒိန်ချဉ်၊ နို့ဆီနှင့် နို့စိမ်းများ ထုတ်လုပ် ဖြန့်ဖြူးပေးနေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန တည်ဆောက်ရေး(၇) အစည်းဝေးခန်းမ၌ တိုင်း၊ ခရိုင်နှင့် မြို့နယ်လယ်ယာ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဆည်ရေများလေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အကျိုးရှိထိရောက်စွာအသုံးချနိုင်ရေး ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် မိတ္ထီလာ စက်မှုလယ်ယာဗဟိုသင်တန်း ကျောင်း၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်သင်တန်း၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု(အထူး)သင်တန်း၊ အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဖွင့်လှစ်သည့် သင်တန်း နှင့် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်မှုလက်မှတ်ရသင်တန်းဖွင့်လှစ်နေမှုတို့ကို ကြည့် ရှုစစ်ဆေးပြီး သင်တန်းသားများကို အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


