ရန်ကုန် သြဂုတ် ၉

 

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြည်သူ့ဆေးရုံများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

 

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ကြည့်ရှုအားပေးသည်။ ယင်းနောက် ဇလွန်ပြည်သူ့ ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး အ.ထ.က (၁) ဇလွန်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် ဟင်္သာတမြို့နယ် ဦးအောင်မြတ်ကျော်၏ ကုသိုလ်တော် ပိဋကတ်တိုက်၊ ပြည်လုံးချမ်းသာ ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ရေကြည်မြို့နယ် ရေကြည်မြို့ ပရဟိတအဖွဲ့အစည်းမှ လှူဒါန်းသည့် တစ်ရက်လျှင် အောက်ဆီဂျင်ဆလင်ဒါ အလုံး (၁၆၀) ခန့် ထုတ်လုပ်နိုင်မည့် Oxygen Plant တည်ဆောက်လျက်ရှိသည့် နေရာသို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဆေးရုံအုပ်ကြီးက ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များကို တင်ပြခဲ့ရာ ဒုတိယဝန်ကြီးက ပြန်လည်ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn