နေပြည်တော် နိုဝင်ဘာ ၆

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး မြေယာရှုခင်းအလှ ဆောင်ရွက်နေမှုနှင့် ဆေးပညာ Foundation Course ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကာ ဓာတ်ခွဲခန်းကို ကြည့်ရှုသည်။

ထို့နောက် ခြောက်ထပ်စာသင်ဆောင်သစ် သို့ရောက်ရှိပြီး နိုဝင်ဘာ (၂၁)ရက် ကျောင်းဖွင့်အမီ သင်ကြားရေးအတွက် ပြင်ဆင်ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပင်မဆောင်စာသင်ခန်းများတွင် ဆရာ ဆရာမများနှင့် စီမံဝန်ထမ်းများအား အင်္ဂလိပ်စာ အရည်အသွေးမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ပို့ချနေမှုများကို လေ့လာကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်