နေပြည်တော်၊  ၂၀ ဒီဇင်ဘာ

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယမန်နေ့က တောင်တွင်းကြီး မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းနှင့် ဌာနမှတာဝန်ရှိသူများနှင့်အတူ ရန်ကုန်-ပြည် - မကွေး-မန္တလေးလမ်း မိုင်(၂၆၁/-၂၆၁/)အကြားတွင် တံတားအထူးအဖွဲ့()မှ တာဝန်ယူတည်ဆောက် နေသော တံတားအမှတ် (/၂၆၂) ပရပ်ကျယ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးတင်နိုင်ကိုကိုက ယာယီလမ်းလွှဲတံတားနှင့် တံတားတည်ဆောက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။ 

 

ထို့နောက် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်းက ပြန်လည်ဖြုတ်သိမ်းနေသည့် တံတား RPT သံပေါင်များကို တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်လမ်းများတွင် ပြန်လည်အသုံးပြုခွင့်ပြုရန်ညှိနှိုင်းခဲ့ရာ ဒုတိယဝန်ကြီးက တံတားလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ပြီး RPT သံပေါင်များကို ပြန်လည်ပြုပြင်ရန် နည်းလမ်းများနှင့် တိုင်းဒေသကြီးအတွင်း အသုံးပြုခွင့်ပြုရန် တံတားဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ 

 

ပရပ်ကျယ်တံတားသည် အရှည်ပေ(၁၈၀) အကျယ် (၂၄)ပေရှိ ()လမ်းသွားတံတားဖြစ်ပြီး တံတားအုတ်မြစ်မှာ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်သည်။ ယခုအခါ ယာယီလမ်းလွှဲ ဘေလီတံတားထိုးပြီး၍ ဘိုးပိုင်အုတ်မြစ်များ တူးဆဲဖြစ်ရာ တံတားတစ်စင်းလုံး၏ (၁၂) ရာခိုင်နှုန်းပြီးစီးကြောင်း သိရသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် အောင်လံမြို့ရှိ ဧရာဝတီတံတား(သရက်-အောင်လံ) တည်ဆောက်ရေး စီမံကိန်းသို့ရောက်ရှိရာ စီမံကိန်း တံတားရှင်းလင်းဆောင်တွင် စီမံကိန်းတာဝန်ခံ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးဌေးအောင် က စီမံကိန်းလုပ်ငန်းခွင်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမရှိစေရေး ဆောင်ရွက်မှုအစီအစဉ်၊ တံတားစီမံကိန်း လုပ်ငန်းစီမံချက်ပြီးစီးမှုနှင့် ရံပုံငွေရရှိမှုတို့ကို ရှင်းလင်းတင်ပြရာ တံတားဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က တံတား၏ Technical ပိုင်းဆိုင်ရာများနှင့် တံတားသံပေါင်မှာ ယူမည့် အစီအစဉ်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက တံတားသံပေါင်မှာယူရမည့် သံမဏိအမျိုးအစား၊ စံချိန်စံညွှန်းနှင့် တပ်ဆင်ရမည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး တံတားလုပ်ငန်းခွင်တွင် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်မဖြစ်ပွားစေရေး ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်မှာကြားပြီး တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှု စစ်ဆေးသည်။

 

ဧရာဝတီတံတား (သရက်-အောင်လံ) သည် အရှည် (၂၂၇၂ ဒသမ ) မီတာ အကျယ်မှာ (၁၀ ဒသမ ၅) မီတာရှိ ()လမ်းသွားတံတားဖြစ်ပြီး တံတားအုတ်မြစ်မှာ ဘိုးပိုင်အမျိုးအစားနှင့် တံတားကိုယ်ထည်မှာ သံကူကွန်ကရစ် ဖြစ်ကာ တံတားအပေါ်ထည်မှာ သံမဏိသံပေါင် တံတားအမျိုးအစားဖြစ်သည်။ ယခုအချိန်ထိ တံတားစီမံကိန်း တစ်ခုလုံး၏ ( ဒသမ ) ရာခိုင်နှုန်း ပြီးစီးနေကြောင်း သိရသည်။

 

သတင်းစဉ်