နေပြည်တော်   ၃၁   ဇူလိုင်

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းသည် ယနေ့ တွင် မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမိုင်(၁၀/၄)နှင့်(၁၀/၅)ကြားတွင် ကတ္တရာလမ်း တိုးချဲ့ခြင်း လုပ်ငန်းကိုလည်းကောင်း မိုင်(၃၄/၀)နှင့်(၃၄/၁) ကြားတွင် မူလ(၁၂ ပေ) အကျယ်မှ (၁၈ ပေ) အကျယ်ချဲ့၍ (၁၈ ပေ)အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မြေပြင်အခြေအနေနှင့် ကိုက်ညီမည့် လမ်းလွှာ ဒီဇိုင်းပုံစံကို အတည်ပြုဆုံးဖြတ်ပေးခဲ့ပြီး သတ်မှတ်ပုံစံအတိုင်း အရည်အသွေး များပြည့်မီအောင် ဆောင်ရွက်သွားကြရန်မှာ ကြားပြီး အဆိုပါ လမ်းတစ်လျှောက် ကတ္တရာလမ်းချဲ့ခြင်း၊ (၂၄ ပေ)အကျယ် ကွန်ကရစ် ခင်းခြင်းနှင့် Permanent Side Drain များ တည်ဆောက်ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟားခါး-မှန်တော-မင်းကင်းလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ မိုင်(၆၂/၂)ရှိ လှည်းစခန်း ယာယီ ရှင်းလင်းဆောင်တွင် အဆိုပါလမ်းဖောက်လုပ်ရေးတာဝန်ခံမှ လမ်း Alignmenti လုပ်ငန်း စီမံချက်နှင့် ဆောင်ရွက် ပြီးစီးမှုများအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက လမ်း၏ Cutting & Filling ပိုင်းများအတွက် Road Profile များကို ဆုံးဖြတ်ပေးကာ မိုင်(၆၄/၀)အနီးတွင် စက်ယန္တရားကြီးများဖြင့် လမ်းတာဘောင် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ဟားခါး-မှန်တော-မင်းကင်းလမ်းသည် ဟားခါးမှ မှန်တောအထိ (၆၆)မိုင် (၇)ဖာလုံ ရှိပြီး ယခုအခါ (၃၄ ပေ)အကျယ်မြေသားလမ်း ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး မှန်တောမှ မင်းကင်းအထိ လမ်းအူကြောင်းများ ရှာဖွေနေပြီး လာမည့်နှစ်များတွင် မြေသားလမ်းအား ဆက်လက်ဖောက်လုပ်မည်ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂန့်ဂေါ-ကလေးလမ်း တစ်လျှောက် လမ်းအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မိုင်(၅၁/၃)ရှိ မဏိပူရမြစ်ပေါ်တွင် တံတားအထူးအဖွဲ့ (၅)မှ တာဝန်ယူတည်ဆောက်နေသော ကမ္ဘာနီတံတား တည်ဆောက် ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ တံတားတည်ဆောက်ရေးတာဝန်ခံ ဒုတိယညွှန်ကြားရေး မှူး(မြို့ပြ) ဦးအောင်ညိုက တံတားလုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တံတား Foundation ပိုင်းနှင့် ပတ်သက်၍ လည်းကောင်း၊ Cap & Shaft လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း အတည်ပြု ဆုံးဖြတ်ပေးသည်။

 

ကမ္ဘာနီတံတားသည် အရှည်(၆၂၅ ပေ)၊ အကျယ်(၂၈ ပေ)ရှိပြီး Bored Pile အုတ်မြစ်၊ သံကူကွန်ကရစ်ယက်မနှင့် ကြမ်းခင်း အမျိုးအစားဖြစ်သည်။ ယင်းနောက် လမ်းတစ်လျှောက် ကတ္တရာလမ်းတိုးချဲ့ခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်