နေပြည်တော် ၂၅ အောက်တိုဘာ
မြန်မာနိုင်ငံ အားကစားမီဒီယာအဖွဲ့ချုပ်တို့ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံ အားကစားကွင်း၌ ကျင်းပသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံအားကစားမီဒီယာ အဖွဲ့ချုပ်၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ အားကစားမီဒီယာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းနှင့် အမှုဆောင် များက လုပ်ငန်းပိုင်းဆိုင်ရာများကို အကြံပြုဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြမှုများအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် မွန်းလွဲပိုင်းတွင် အားကစားပညာ အထူးပြုဘာသာရပ် B.Sc (Sports) သင်ရိုးညွှန်းတမ်းများဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။
ထို့နောက် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနှင့် တာဝန်ရှိသူများက သင်ကြားရေးဆိုင်ရာဘာသာရပ်များကို ဆွေးနွေးတင်ပြကြသည်။
(သတင်းစဉ်)


