ရန်ကုန် ဇူလိုင် ၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ လူကုန်ကူးခံရသူများ ညွှန်းပို့ချိတ်ဆက်ရေးစင်တာ၌ လူကုန်ကူးခံရသူများ ဆက်သွယ်အကူအညီ တောင်းခံမှုများအပေါ် ပေါင်းစပ်ဆောင်ရွက်နေမှု၊ လိုအပ်သည့် အကူအညီများ ချိတ်ဆက်ဆောင်ရွက် ပေးနေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) ရှိ ပြန်လည်ထူထောင်မှု ခံယူနေသူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၌ သက်ကြီးဘိုးဘွားများအား လူမှုရေးစောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


