နေပြည်တော် ၉ နိုဝင်ဘာ 

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မွန်ပြည်နယ် လျှပ်စစ်၊စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးလှထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မုဒုံမြို့နယ် ဖဲဒိုကျေးရွာနှင့် မှိန်းကနိမ်းကျေးရွာတို့တွင် ဆောင်ရွက်လျက်ရှိသော ကံပေါက်-မြိုင်ကလေး လက်မ ၂၀ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်တင်လဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ရှေးဉီးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့နယ်၊ ဖဲဒိုကျေးရွာနှင့် မှိန်းကနိမ်း ကျေးရွာတို့တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော လက်မ ၂၀ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အဆင့်မြှင့်တင်လဲလှယ်ခြင်း စီမံကိန်းလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

အဆိုပါ ကံပေါက်-မြိုင်ကလေး လက်မ ၂၀ ပိုက်လိုင်းအပိုင်းအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီတို့ ပူးပေါင်းကာ ပိုက်လိုင်းအဆင့် မြှင့်တင်ခြင်း လုပ်ငန်းများအား ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

 

ကံပေါက်-မြိုင်ကလေး-ရန်ကုန် လက်မ ၂၀ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ဇောတိကကမ်းလွန်စီမံကိန်းမှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကို ကံပေါက်ဒေသမှတစ်ဆင့် မော်လမြိုင်ဒေသ၊ မြိုင်ကလေးဒေသ၊ သထုံ ဒေသနှင့် ရန်ကုန်ဧရိယာများသို့ သဘာဝဓာတ်ငွေ့များ ပို့လွှတ်ဖြန့်ဖြူးပေးနေသော ပိုက်လိုင်းဖြစ်ပြီး စုစုပေါင်းပိုက်လိုင်း အရှည်သည် ၃၃၆ မိုင်ခန့်ရှိသည်။ ယင်းပိုက်လိုင်း၏ ကြံ့ခိုင်မှုအားနည်းသော အပိုင်းများ ကို PE Coated Pipe များဖြင့် အစားထိုးလဲလှယ်ခြင်းကို ၂၀၁၁ ခုနှစ်မှ စတင်၍ နှစ်စဉ်ဘတ်ဂျက် လျာထားကာ ပိုက်လိုင်းအစားထိုးလဲလှယ်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ပိုက်လိုင်းအရှည် ၁၈၁ မိုင်လဲလှယ် ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်ရှိသော ပိုက်လိုင်း လဲလှယ်ခြင်းလုပ်ငန်းများအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)

 

e DSC_0