နေပြည်တော် ၂၈ အောက်တိုဘာ

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးမြို့ရှိ ၃၃/၁၁ ကေဗွီ(၅) အမ်ဗွီအေ မြင်းကင်းဓာတ်အားခွဲရုံ၌  လျှပ်စစ်ဓာတ်အား လက်ခံဖြန့်ဖြူးပေးနေမှုများကို ကြည့်ရှု စစ်ဆေးပြီး ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိရေးနှင့် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုမရှိရေး အထူးအလေးထားဆောင်ရွက်ရန် မှာကြားသည်။    

 

a

 

ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ (၂၀)အမ်ဗွီအေ နတ်မောက်လမ်း ဓာတ်အားခွဲရုံနှင့် ၃၃/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ လွှတ်တော်ဓာတ်အားခွဲရုံ၊ နတ်မောက်မြို့နယ်ရှိ ၆၆/၁၁ ကေဗွီ (၁၀)အမ်ဗွီအေ မြို့သစ်မြို့ဓာတ်အားခွဲရုံများကို ကြည့်ရှုစစ်ဆေးပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာတွင် ဗို့အားကျဆင်းမှုမရှိစေရေး၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုအနည်းဆုံးဖြစ်စေရေးနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများ အရည်အသွေးပြည့်မီသည့်ပစ္စည်းများဖြင့် တပ်ဆင်အသုံးပြုသွားရန်၊ ဓာတ်အားခွဲရုံ ရေရှည်တည်တံခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေးအတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများကြံ့ခိုင်ကောင်းမွန်စေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားရန် မှာကြားသည်။

 

a

 

(သတင်းစဉ်)