နေပြည်တော် ၂၇ အောက်တိုဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့ ရွှေတောင်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၂၈ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်စက်ရုံ Switch Yard အတွင်းရှိ တောင်တွင်းကြီး-ရွှေတောင်၂၃၀ ကေဗွီ double circuit ဓာတ်အားလိုင်း၊ Tower တိုင်အမှတ် (၄၂၉) မြေထိန်းနံရံများ မိုးရေတိုက်စားမှုကြောင့် မြေသားများပြိုကြနေခြင်းကို ကျောက်စီ သံခြင်းများဖြင့် မြေထိန်းနံရံပြုလုပ်နေမှုနှင့် ရွှေတောင်ဓာတ်အားပေးစက်ရုံ ၂၃၀ ကေဗွီ Extension Switch yard Retaining Wall အနက်ပေ ၃၀ဝ ခန့် နိမ့်ကျနေခြင်းကို ကြမ်းခင်းများ ပြုပြင်ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှု့စစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ၆၆/၃၃/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ပြည်ဓာတ်အားခွဲရုံ ၊ မကွေးတိုင်းဒေသကြီး အောင်လံမြို့ရှိ ၆၆/၁၁ကေဗွီ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံ ၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ၆၆/၁၁ကေဗွီ၅အမ်ဗွီအေ ဓာတ်အားခွဲရုံများသို့ ရောက်ရှိပြီးဓာတ်အားခွဲရုံများအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ၁၃၂ ကေဗွီ မကွေးပင်မ ဓာတ်အားခွဲရုံဝင်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက်ရှိပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၁၃၂ ကေဗွီ မကွေးပင်မဓာတ်အားခွဲရုံတွင် ၆၆ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် 33 kv Switch bay တည်ဆောက်နေမူ အခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


