နေပြည်တော် ဩဂုတ် ၃၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သည် ဩဂုတ် ၂၉ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ဘက်စုံ စိုက်ပျိုး မွေးမြူရေးစခန်း (လေးထောင့်ကန်)တွင် မိုးစပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှုနှင့် ဘဏ္ဍာနှစ် အလိုက် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး မြေယာ အသုံးချမှုနှင့် ပတ်သက်၍ တည်ဆဲ လယ်ယာမြေဥပဒေ ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်၊ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး လိုအပ်သော အားပေးကူညီမှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည်  မင်္ဂလာဒုံမြို့နယ်ရှိ အပင်ဇီဝနည်းပညာဗဟိုဌာန၏ အပင်တစ်သျှူး မွေးမြူခြင်းလုပ်ငန်းများနှင့် အင်းစိန်မြို့နယ်၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ သီးနှံ ကာကွယ်ရေးဌာနခွဲ၏ စိုက်ပျိုးရေးထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မြေအသုံးချရေးဌာနခွဲ၊ ဓာတ်ခွဲခန်း(ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက သီးထပ်စွမ်းအားတိုးတက်ရေးအတွက် အရေးကြီးသော မြေဆီလွှာကျန်းမာရေး ကောင်းမွန်အောင် စနစ်တကျကြိုးစားလုပ်ဆောင်ကြရန်၊ ဓာတ်ခွဲခန်းများကို အဆင့်မြှင့်တင်၍ ကျွမ်းကျင်ဝန်ထမ်းများ လက်ဆင့်ကမ်း မွေးထုတ်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယမန်နေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် လှည်းကူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ သုတေသနနှင့်ဖွံ့ဖြိုးရေးဗဟိုဌာန(VFRDC) နှင့် ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန(CARTC)များ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး သုတေ သနပြုစုခြင်းဆိုင်ရာနည်းပညာများ ထွန်းကားစေရေးနှင့် သုတေသဆိုင်ရာလမ်းစဥ်များ ဖွံ့ဖြိုးရန် လိုအပ်သောလူသားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် အ‌လေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

သတင်းစဉ်