ရန်ကုန် ဇန်နဝါရီ  ၁၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့နံနက်ပိုင်းက အမျိုးသားဇာတ်ရုံ(ရန်ကုန်)သို့ ရောက်ရှိပြီး အမျိုးသားဇာတ်ရုံ (ရန်ကုန်)အတွင်း ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ ရုံးပတ်ဝန်းကျင်နှင့် အိမ်ယာပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာရေး၊ ဇာတ်ရုံအတွင်းအပြင် သန့်ရှင်းရေး၊ လေအေးပေးစက်များ တပ်ဆင်ထားရှိမှုများကို ကြည့်ရူစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသားပြတိုက် (ရန်ကုန်)သို့ ရောက်ရှိစစ်ဆေးရာ အမျိုး သားပြတိုက် (ရန်ကုန်) ခေတ္တတာဝန်ခံက အမျိုးသားပြတိုက် (ရန်ကုန်) ဖွင့်လှစ်၍ ပြခန်း (၁၃)ခန်းတွင် ခင်းကျင်းပြသထားမှု၊ အမျိုးသားပြတိုက် (ရန်ကုန်)၌ ဆောင်ရွက်ခဲ့သည့် ပြည်တွင်း/ပြည်ပ ပြပွဲ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လာရောက်ကြည့်ရှု လေ့လာသည့် ပြည်တွင်း/ပြည်ပ ခရီးသွားဝင်ရောက်မှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ကျောင်းသား/ ကျောင်းသူ ဝင်ရောက်မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အမျိုးသားပြတိုက် (ရန်ကုန်)မှ ဝန်ထမ်းများနှင့် ဘွဲ့လွန်ပြတိုက်ပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၂၁) မှ သင်တန်းသူများကို တွေ့ဆုံပြီး ပြတိုက် ဆိုင်ရာလုပ်ငန်းရပ်များမှာကြားကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့ သည့် Ticket Management System, Inventory Management and Ethnic Traditional Gallery (Active Relity-AR System)လုပ်ငန်းနှင့် ရှေးဟောင်းပစ္စည်းသိုလှောင်ရုံ (၂)ထပ် ဆက်လက်ဆောက်လုပ်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်