နေပြည်တော် မတ် ၂၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊  တံတားဦးခရိုင် အင်းဝယဉ်ကျေးမှုအမွေအနှစ် ဒေသသို့ သွားရောက်ကြည်ရှုစစ်ဆေးသည်။

ဉီးစွာ ဒုတိယဝန်ကြီးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မန္တလေးတိုင်းဒေသကြီးသို့ လာရောက်ခဲ့သည့်ခရီးစဉ်တွင် မှာကြားခဲ့သည့် မဟာဇေယပထ မောင်အို အုတ်လမ်းတံတား၊ မဟာဇေယပထ မောင်အိုအုတ်လမ်းတံတား၏ ကျောက်စာရုံ၊ လောကသရဖူ ဘုရားအတွင်း ပြုပြင်ဆောင်ရွက်ထားရှိမှု အ‌ခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။   

ထို့နောက် စည်တိုပုံမြို့ရိုး၏ အနောက်ဘက်မျက်နှာ မြို့ရိုး၊ မြို့ဝင်ပေါက်နှင့် ကျုံး၊ အင်းဝ ရှေးဟောင်းသုတေသနပြတိုက်၊ အင်းဝဗားကရာသစ်သား ဘုန်းတော်ကြီးကျောင်း၊ မြင့်မိုရ် တောင်ဘုရား၊ ဝင်္ကပါဘုရား၊ လောကဒုဿမာန်အောင်ဘုရားနှင့် ကြောင်လိမ်ဘုရား ပြုပြင် ထိန်းသိမ်းစောင့်ရှောက်မှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်