နေပြည်တော် ဩဂုတ် ၂၆
မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB)၊ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Wichai Chaimongkhon ၏ ဖိတ်ကြားချက်အရ ဩဂုတ် ၂၁ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်မြို့သို့ သွားရောက်ခဲ့ကြသည်။
ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ ဒွယ်တုံး(Doitung) ဒေသရှိ ဘိန်းစိုက်ပျိုးမှုရှိခဲ့သည့်တောင်တန်းဒေသမှ တိုင်းရင်းသားများ၏ ဆင်းရဲနွမ်းပါးမှုလျော့ချရန် နဝမမြောက် (KING RAMA 9) ထိုင်းဘုရင့်မယ်တော်၊ ထိုင်းနိုင်ငံအစိုးရနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) တို့၏ ပံ့ပိုးကူညီမှုဖြင့် ၁၉၉၈ ခုနှစ်မှစတင်၍ မယ့်ဖားလုံ (Mae Fah Luang) ဖောင်ဒေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေရှည်တည်တံ့ သော အစားထိုးဖွံ့ဖြိုးမှု လုပ်ငန်းများဖြစ်သည့် နှစ်ရှည်သီးနှံများ စိုက်ပျိုးမှု၊ စိုက်ပျိုးရေး နည်းပညာများ လေ့ကျင့်သင်ကြားပေးမှု၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှု စီးပွားရေး သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်မှု၊ စီမံကိန်း၏ အခြေခိုင် မာအောင် ၂၀၅၁ ခုနှစ်အထိ အစီအမံများချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေ မှုများကို သွားရောက်လေ့လာခဲ့ကြသည်။
ထို့နောက် ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်၊ ချင်းဆိုင်မြို့ရှိ မူးယစ်ဆေးဝါးထိန်းချုပ်ရေ အဖွဲ့ (ONCB) ၏ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးကောလိပ် (International Narcotics Control Colledge-INCC) နှင့် ဘေးကင်းလုံခြုံသော မဲခေါင်ပေါင်းစပ်ညှိနှိုင်းရေး စင်တာ (Safe Mekong Cooperation Centre-SMCC) ၌ မဲခေါင်အဖွဲ့ဝင်(၆)နိုင်ငံမှ တာဝန်ထမ်းဆောင်လျက်ရှိသည့် ကိုယ်စားလှယ်အရာရှိများ၏ သတင်းဖလှယ်ပူးပေါင်း ဆောင်ရွက် နေမှုများကို သွားရောက်လေ့လာကြသည်။
ဩဂုတ် ၂၃ ရက်တွင် ချင်းရိုင်ပြည်နယ်၊ မယ့်အိုင်မြို့ရှိ Roi Jai Rak (ရွိုင်ဂျာရတ်) စီမံကိန်းသို့ ထိုင်းနိုင်ငံတော်ဝင်ရဲတပ်ဖွဲ့၏ ရဟတ်ယာဉ်များဖြင့် သွားရောက်ပြီး မူးယစ် ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB)၏ ပံ့ပိုးမှုဖြင့် မယ့်ဖားလုံ (Mae Fah Luang) ဖောင်ဒေး ရှင်းက ၂၀၁၈ မှ ၂၀၂၉ ခုနှစ်အထိ စီမံချက်ချမှတ်၍ ရေလုပ်ငန်း၊ စိုက်ပျိုးမြေ မြေဆီလွှာပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း၊ သစ်တောပြန်လည်ပြုစုပျိုးထောင်ရေး၊ တိရစ္ဆာန်မွေးမြူရေး၊ လက်မှု လုပ်ငန်းများဖွံ့ဖြိုးရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တီထွင်ကြံဆလုပ်ကိုင်ခြင်း၊ ခရီးသွားလာရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ထိုင်းနိုင်ငံ၊ လမ်ပန်ပြည်နယ်ရှိ အမှတ်(၅) ရဲမှုခင်းသိပ္ပံတွင် လက်နက်ဆိုင်ရာစာရင်းသွင်းခြင်း၊ ခွဲခြမ်းစိတ်ဖြာစစ်ဆေး ဆောင်ရွက်နေမှုတို့ကို လေ့လာဆွေးနွေးခဲ့ကြသည်။
ဩဂုတ် ၂၄ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Doi Inthanon Royal Project တွင် ဈေးကွက်ဝင် ပြည်ပငါးမျိုးများမွေးမြူရေး အစားထိုး ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်နေမှုများ ကို လေ့လာပြီးမြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးမှုရှိသည့် ဒေသများတွင် အစားထိုး ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်ရန်၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်မြို့ရှိ အမှတ် (၅)ဒေသ ပြည်နယ်ရဲတပ်ဖွဲ့ရုံးသို့သွားရောက်၍ ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးဆောင်ရွက်မှု၊ မူးယစ်ဆေးဝါးတရားခံပြေးများနှင့် ကွင်းဆက်တရားခံများကို သတင်းဖလှယ်ဆောင်ရွက်မှု၊ မှုခင်းများကို ၂၀၁၁ ခုနှစ်မှစတင်၍ နည်းပညာသုံး ဖော်ထုတ် ဆောင်ရွက်နေမှု၊ တရားမဝင်ငွေကြေး စုံစမ်းစစ်ဆေးရေး ဆောင်ရွက်နေမှုများကို လေ့လာခဲ့ကြသည်။
ဩဂုတ် ၂၅ ရက်တွင် ကိုယ်စားလှယ်အဖွဲ့သည် ချင်းမိုင်ပြည်နယ်၊ အမှတ်(၃၃၃) ဒွယ်စကေ့ သေနတ်ပစ်ကွင်းသို့သွားရောက်ပြီး ရဟတ်ယာဉ်၊ မော်တော်ယာဉ်များဖြင့် ဓားစာခံ ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်မှု၊ မူးယစ်ဆေးဝါးများသိမ်းဆည်းနိုင်ရေးဆောင်ရွက်မှု၊ သေနတ် ပစ်ကွင်းတွင် သရုပ်ပြဆောင်ရွက်မှုများကိုကြည့်ရှုလေ့လာပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သင်တန်းသားများ စေလွှတ်တက်ရောက်နိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံရဲတပ်ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ ဒေသတွင်း မူးယစ်ဆေးဝါးဖမ်းဆီးနိုင်မှုအခြေအနေ၊ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှု ပူးပေါင်းထိန်းချုပ်ရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး၊ သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ စနစ်တကျ ဖျက်ဆီး ဆောင်ရွက်ရေး၊ တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု တိုးတက် လာသည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်မည့် အခြေအနေတို့ကိုဆွေးနွေးခဲ့ကြသည်။
မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဩဂုတ် ၂၅ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်