နေပြည်တော် ၃ အောက်တိုဘာ

           

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးအောင်ထူးသည် ယနေ့နံနက် ၁၁ နာရီခွဲတွင် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ကုန်သွယ်ရေးဉီးစီးဌာန၏ ပို့ကုန်/သွင်းကုန်ရုံး (မြစ်ကြီးနား) R.C ၂ ထပ်ရုံးတည်ဆောက်နေမှု လုပ်ငန်းခွင်သို့ရောက်ရှိပြီး အဆောက်အဉီအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။      

         

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အောင်နန်းရိပ်သာရပ်ကွက်ရှိ ဒေသထွက်ကုန် အရောင်းပြခန်းသို့ ရောက်ရှိပြီး ပြသထားသော ဒေသထွက်ကုန်များအား ကြည့်ရှုအားပေးသည်။

         

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့သစ်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဉီးစီးမှူးရုံးသို့ ရောက်ရှိ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန် လိုင်စင်ထုတ်ပေးနေမှု၊ မြန်မာကုန်သွယ်မှု မြင့်တင်ရေးအဖွဲ့၏ ဒေသတွင်း ကုန်ပစ္စည်းပြခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် စားသုံးသူရေးရာဉီးစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းကိစ္စရပ်များ၊ ဝန်ထမ်းသက်သာချောင်ချိရေးတို့အတွက် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်