နေပြည်တော် ၁၆ မတ်
 
လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

a


 
အစည်းအဝေးတွင် လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထူးက အဖွဲ့အနေဖြင့် မိုးစပါးတင်းပေါင်း ၁၇၄၀ဝ၀ ဝယ်ယူရန် စီစဉ်ဆောင်ရွက်ခဲ့ပြီး ဝယ်ယူပြီး စပါးများမှ ကြိတ်ခွဲထားသည့် ဆန်များကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းနှင့် ရွှေပြည်သာမြို့နယ်တို့ရှိ သိုလှောင်ရုံများသို့ ဆန်ပြန်လည်အပ်နှံမှုများ ဆောင်ရွက်လျက်ရှိရာ  ကြိတ်ခွဲထားသည့်ဆန်များ၏ ၁၇ ဒသမ ၂၄ ရာခိုင်နှုန်းခန့် ပြန်လည်ပေးသွင်းပြီးသည်ဟု သိရပါကြောင်း၊ သက်ဆိုင်ရာ စပါး၊ ဆန် ဝယ်ယူရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့များအနေဖြင့် မတ် ၃၁ ရက်မတိုင်မီ အမြန်ဆုံးပြန်လည်အပ်နှံနိုင်ရေး  ကြီးကြပ်ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ အဖွဲ့မှ ဆန်ဝယ်ယူထားနိုင်ခဲ့သည့်အတွက်  ဈေးကွက်တည်ငြိမ်မှုကို ဖော်ဆောင်နိုင် ခဲ့၍ နွေစပါးကို အခြေခံဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဖွဲ့၏ စပါးဝယ်ယူမည့် အစီအစဉ်သည် စားသုံးသူနှင့် တောင်သူများကို အကျိုးရှိစေသည့်အပြင် လက်ရှိစပါးဈေးသည် အခြေခံဈေးနှုန်းထက် ပိုမိုမြင့်မားလာသည့် အတွက် လုပ်ငန်းစဉ်အောင်မြင်သည်ဟု ယူဆပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စပါးဆန်ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့ဝင်များက မိုးစပါးဝယ်ယူရေး ဆောင်ရွက်ပြီးစီးမှုနှင့် တင်ဒါစနစ်ဖြင့် ဆန်ပြန်လည်ရောင်းချရေးအတွက် တင်ဒါစည်းမျဉ်းစည်းကမ်းများ သတ်မှတ်နိုင်ရေးတို့ကို အကြံပြုဆွေးနွေးတင်ပြကြသည်။

(သတင်းစဉ်)