နေပြည်တော် ဇန်နဝါရီ ၂၄

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း သည် ကရင်ပြည်နယ် ဘားအံမြို့တွင် တာဝန်ထမ်းဆောင်နေသော ဝန်ကြီးဌာန အောက်ရှိ ဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများကို ယနေ့ မွန်းလွဲပိုင်းတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ကရင်ပြည်နယ်ရုံး သင်တန်းခန်းမတွင် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ပွင့်လင်းစွာတင်ပြကြရန်ပြောကြားသည်။ ထို့နောက် ဝန်ထမ်းများ ၏ တင်ပြချက်များကို ဒုတိယဝန်ကြီးက မှတ်သားရှင်းလင်း ဆွေးနွေးဖြေရှင်းပေးပြီး ဝန်ထမ်းကျင့်ဝတ်နှင့် အညီနေထိုင်သွားကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းအဖွဲ့အစည်း အချင်းချင်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် တစ်ဦးချင်းခံစားချက်အပေါ်အခြေခံ၍ ဆောင်ရွက်ခြင်း မပြုလုပ်ကြ စေရေး၊ စာရွက်စာတမ်း လုံခြုံရေး၊ လူပုဂ္ဂိုလ် လုံခြုံရေး အထူးဂရုပြုကြရန်နှင့် အခက်အခဲများကြုံတွေ့ရပါက အဆင့်ဆင့်တင်ပြဖြေရှင်းသွားကြရန် မှာကြားပြီးဝန်ထမ်း များကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်