နေပြည်တော် ဒီဇင်ဘာ ၁၄
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အေလာမြို့သို့ သွားရောက်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဆောင်ရွက်လျက်ရှိသော နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ ပလွေးချောင်းကမ်းပါး ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေး Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ အလျားပေ ၁၉၀၀ နှင့် Steel Basket ကျောက်ဖြည့်ရေကာများ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ဝန်ထမ်း အိမ်ရာဝင်းအတွင်း ငလိုက်ချောင်း ကမ်းပါးတွင် Gabion Box ကျောက်ဖြည့်မြေထိန်းနံရံ အလျားပေ ၂၀၀ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေး စံချိန်စံညွှန်း ပြည့်မီပြီး လုပ်ငန်းအချိန်ဇယားအတိုင်း အချိန်မီ ပြီးစီးနိုင်ရေး အလေးထား ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ၊ လုပ်ငန်းခွင်ဆောင်ရွက်မှု မှတ်တမ်းထားရှိရေး၊ လုပ်ငန်းပြီးစီးမှုများနှင့်ပတ်သက်၍ အရည်အသွေး စစ်ဆေးရေး အဖွဲ့များမှ စစ်ဆေးချက်မှတ်တမ်းများ စနစ်တကျ ထားရှိရေး နှင့် လုပ်ငန်းခွင်အတွင်း လုံခြုံရေး ၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကိစ္စရပ်များကို စနစ်တကျ စီမံဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


