ရန်ကုန် ဒီဇင်ဘာ ၁၈

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဒလသင်္ဘောကျင်းအတွင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန်၊ မီးဘေးအန္တရာယ် ကာကွယ်ရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးကိစ္စရပ်များ အထူးအလေးထားလိုက်နာ ဆောင်ရွက်သွားကြရန်နှင့် လိုအပ်ချက်ရှိသည်များကို တာဝန်ရှိသူများကို မှာကြားသည်။

 

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ဆောက်လုပ်ရေးအထူးအဖွဲ့(၁)မှ တာဝန်ယူ တည်ဆောက်လျက်ရှိသည့် ၈ ခန်းတွဲ ၃ ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက အဆောက်အဦအတွင်း ရေအမြန်ဆုံးရရှိရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဆက်သွယ်ဆောင်ရွက်ရန်၊ ရေ၊ မီး၊ မိလ္လာစနစ်များ သတ်မှတ်ချက်နှင့်အညီ အမြန်ဆုံး အသုံးပြုနိုင်ရေးနှင့် တည်ဆောက်ပြီး အိမ်ရာများတွင် နေရာချထားပေးမည့် ဝန်ထမ်းများအနေဖြင့် နေထိုင်ရာ၌ထိန်းသိမ်းမှုအပိုင်းတွင် မိမိပိုင်ပစ္စည်းကဲ့သို့ သဘောထား၍ အသေးအဖွဲ့ပျက်စီးမှုများကအစ ချက်ချင်း အလေးထားပြင်ဆင် နေထိုင်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်