နေပြည်တော် ၁၂ အောက်တိုဘာ
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ဆင်ဟွာသတင်းဌာနချုပ်မှ ဒုတိယဉက္ကဋ္ဌ Mr. Zhang Sutang ဦးဆောင်သောအဖွဲ့အား ယနေ့ညနေ (၄)နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြန်ကြားရေးဝန်ကြီးဌာနက အဓိကဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များ၊ နည်းပညာတိုးတက်လာမှုနှင့်အတူ ပြောင်းလဲလာသည့် မီဒီယာလမ်းကြောင်း၊ လူမှုမီဒီယာ၏ ကောင်းကျိုးနှင့်ဆိုးကျိုးများ၊ နှစ်နိုင်ငံ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးအတွက် မီဒီယာ၏ အရေးပါသည့် အခန်းကဏ္ဍတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


