တောင်ငူ ၁ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ညနေပိုင်းတွင် ကလေး စာပေပွဲတော်(တောင်ငူ) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကျင်းပမည့် တောင်ငူမြို့ခ ပေါင်းခန်းမနှင့် ကေတုမတီ မိုးလုံလေလုံ အားကစားရုံတို့၌ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ခပေါင်းခန်းမအတွင်းကျင်းပမည့် ဖျော်ဖြေရေးအစီအစဉ်များ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲဆောင်ရွက်မည့်နေရာများ၊ ကလေးစာဖတ်ခန်းနှင့် ကလေးစာပေပြပွဲ ခင်းကျင်း ပြသထားသည့်နေရာများ၊ ခန်းမအပြင်ဘက်ရှိ ဂိမ်းကစားပွဲများကျင်းပမည့်နေရာများနှင့် ပြပွဲပြခန်းများဖွင့်လှစ် ပြသမည့်နေရာများကို လှည့်လည်ကြည့်ရှု့စစ်ဆေးပြီး ကေတုမတီမိုးလုံလေလုံ အားကစားရုံ၌ စာပေဟောပြောပွဲ၊ ကျပန်းစကားပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ ဆောင်ရွက်မည့်နေရာများကို ကြည့်ရှုကြသည်။
အဆိုပါကလေးစာပေပွဲတော်ကို နိုဝင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တောင်ငူမြို့ခပေါင်းခန်းမနှင့် ကေတုမတီအားကစားရုံတို့၌ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆို လွတ်လပ်စွာ ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရသည်။
ခရိုင်ပြန် / ဆက်


