မကွေး ၁၂ ဒီဇင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကြိုတင်ပြင်ထားမှုများကို ယနေ့မွန်းလွဲပိုင်းတွင်  ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယဝန်ကြီးသည် မကွေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအတွင်း ပြင်ဆင်ထားရှိမှုများ၊ စာအုပ်များ ခင်းကျင်းပြသထားမှုများ၊ ဌာနဆိုင်ရာများမှ ခင်းကျင်းပြသမည့် အသိပညာပေးပြခန်းများ၊  ဖျော်ဖြေရေးစင်မြင့် ပြင်ဆင်ထားရှိမှုနှင့် အားကစားပြိုင်ပွဲများကျင်းပရန် ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

2

 

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး)ကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ (၃)ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဝေလွင်