နေပြည်တော်  ၃  ဖေဖော်ဝါရီ 

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စွမ်းရည်မြှင့် သင်တန်း(၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးချုပ် သင်တန်းကျောင်း၌ ကျင်းပသည်။

 

‌ေ

 

ဖွင့်ပွဲအခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ယခု သင်တန်းသည် ၂၀၂ဝ ပြည့်နှစ်၏ ပထမဆုံးသင်တန်းဖြစ်ပြီး သင်တန်းရည်ရွယ်ချက်များ နှင့် ပို့ချမည့် သင်ခန်းစာများသည် ယနေ့ခေတ်၏ မီဒီယာဆိုင်ရာ လိုအပ်ချက်များကို အထောက်အကူပြုသည့်အတွက် ကောင်းမွန်ပါကြောင်း၊ ဝန်ကြီးဌာန၏ တာဝန်များမှာ  ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ဖြစ်ပြီး ပြည်သူများသို့ ပြန်ကြားပေးရန် တာဝန်သည် များစွာအရေးကြီးပါကြောင်း၊ ပြည်သူများကို အသိပညာ ပေးနိုင်ရန်အတွက် နေ့စဉ်ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာစောင့်ကြည့်ရမည်ဖြစ်ပြီး အချိန်နှင့်တစ်ပြေးညီ မှန်ကန်သည့် သတင်းအချက် အလက်များကို ပြည်သူများသိရှိအောင် လျင်မြန်စွာဖြန့်ဖြူးပေးနိုင်ရန် အရေးကြီးပါ ကြောင်း၊ ယခုသင်တန်းတွင် ဌာနဆိုင်ရာကိစ္စရပ်များနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများအပြင် စာကြည့်တိုက်လုပ်ငန်းနှင့် Media Information ဆိုင်ရာများပါဝင်၍ သင်တန်းမှ ပို့ချပေးမှုများကို သင်တန်းသားများက သေချာလေ့လာ သင်ယူကြရန် လိုအပ်ကြောင်း။

 

‌ေ

 

သင်တန်းသားများအနေဖြင့် သင်ခန်းစာများကို နားလည်တတ်ကျွမ်းအောင် ကြိုးစား သင် ယူကြရန် လိုအပ်ပြီး တာဝန်ကျရာ နေရာများသို့ ရောက်ရှိပါက ယခုသင်တန်းမှ သင်ခန်းစာများကို ပြန်လည်အသုံးချကြရမည့်အပြင် သင်တန်းမတက်ရသေးသည့် ဝန်ထမ်းများအား ပြန်လည်မျှဝေပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

‌ေ

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့်ဝန်ကြီးဌာန၏ ရည်မှန်းချက်များ နှင့် ဦးစီးဌာန၏ လုပ်ငန်းများကို စွမ်းဆောင်ရည်မြင့်မားစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ကျွမ်းကျင်သည့်ဝန်ထမ်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ စွမ်းရည်မြှင့် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

 

‌ေ

 

ယနေ့ဖွင့်လှစ်သည့် သင်တန်းသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်ဦးစီးမှူး အဆင့် သင်တန်းသားသင်တန်းသူ (၃၅)ဦးက ဖေဖော်ဝါရီ ၂၈ ရက်ထိ တက်ရောက်ကြမည်ဖြစ်သည်။

(သတင်းစဉ်)