သံတောင်ကြီး ၃ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ် သံတောင်မြို့၌ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဗစ်တာခလိုက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နော်ခရစ္စထွန်း၊ မြို့မိ မြို့ဖများ၊ စာကြည့်တိုက်ကော်မတီများနှင့် တွေ့ဆုံ၍ နယ်မြေဒေသ ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူများ စာပေဖတ်ရှုလေ့လာရေးကိစ္စများ၊ ကလေးစာဖတ်ခန်းနှင့် စာဖတ်ဝိုင်းများ၊ ပြည်သူ့စကားဝိုင်းများ ကျင်းပပြုလုပ်ရန်ကိစ္စများ၊ စာကြည့်တိုက်ဝန်ဆောင်မှု မြှင့်တင်ပေးရန် ကိစ္စများအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများတွေ့ကြုံနေသည့် အခက်အခဲများကို တွေ့ဆုံမေးမြန်း အားပေးကာ ပြည်သူများ အသိပညာမြင့်မားရေးလုပ်ငန်းများနှင့် သတင်းအချက်အလက် ဖြန့်ဝေပေးရန် ကိစ္စများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
နော်လော်မူ(သံတောင်ကြီး)


