ရန်ကုန် ၂၂   စက်တင်ဘာ 

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ တွင် စက်တင်ဘာ ၁၈ ရက် မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်သည့်  (၁၆) ကြိမ်မြောက် တရုတ် - အာဆီယံ ကုန်စည်ပြပွဲကာလအတွင်း တရုတ် - အာဆီယံ  ရုပ်မြင်သံကြား ရက်သတ္တပတ်နှင့် ရေဒီယိုရုပ်မြင်သံကြားနှင့် မီဒီယာအသစ်ဖိုရမ်သို့ တက်ရောက်ခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည်   ယနေ့နံနက် ၁၁ နာရီခွဲတွင် လေကြောင်းခရီးဖြင့် နန်နင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိရာ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။  

 

(သတင်းစဉ်)