ရန်ကုန်  ၂၂  ဇူလိုင် 


ပြန်ကြားရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ၊ ဂျကာတာမြို့၌ ဇူလိုင် ၂၃ ရက်မှ ၂၄ ရက်အထိ Connected For A Better Future ဆောင်ပုဒ်ဖြင့် ကျင်းပမည့် အာဆီယံ-တရုတ် ပြန်ကြားရေးဝန်ကြီးများအဆင့် သတင်းမီဒီယာဖိုရမ် (ASEAN-China High-Level Media Forum) သို့တက်ရောက်ရန် ယနေ့နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။


ဒုတိယဝန်ကြီးနှင့်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနမှတာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။


ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့်အတူ အဖွဲ့ဝင်များအဖြစ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး(ရုပ်မြင်) ဒေါ်မိုးသူဇာအောင်၊ ရုပ်သံကျွမ်းကျင်(၁) ဒေါ်ခိုင်သဉ္ဇာ၊ မြန်မာရေးရာလေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသနမှူး ဦးအေးမောင်ကျော်တို့ လိုက်ပါသွားကြသည်။


(သတင်းစဉ်)

 

3