နေပြည်တော်   ၃  ဇန်နဝါရီ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် အိန္ဒိယနိုင်ငံ Chennai မြို့ရှိ မြန်မာကောင်စစ်ဝန် Prof. Ranganathan J နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ-၂ ၌ တွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ဆောင်ရွက်နိုင်ရေး၊ အိန္ဒိယနိုင်ငံသို့ မြန်မာနိုင်ငံမှ ပဲမျိုးစုံအား စဉ်ဆက်မပြတ် တင်ပို့သွားနိုင်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စီးပွားရေးလုပ်ငန်းများ အချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရေး တို့အတွက် ကုန်စည်ပြပွဲများ ပူးတွဲကျင်းပခြင်းနှင့် အပြန်အလှန် ဖိတ်ကြားခြင်းတို့ကို ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်ကူးသန်းရောင်း ဝယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေးနှင့် နှစ်နိုင်ငံအကြား ခရီးသွား လုပ်ငန်းကဏ္ဍများ တိုးချဲ့သွားနိုင်ရေးတို့ကို ဆွေးနွေးကြသည်။

 

သတင်းစဉ်