နေပြည်တော် ၄ ဖေဖော်ဝါရီ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် ဗြိတိန်နိုင်ငံ၏ Prime Minister’s Trade Envoy, Mr. Paul Stuart Scully MP နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး, Mr. Dan Chugg နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ-၂ ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် မြန်မာ-ဗြိတိန်နှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရေး၊ မြန်မာနိုင်ငံမှ ပို့ကုန်များ ဗြိတိန်နိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေးကိစ္စ၊ လက်ရှိဆောင်ရွက်နေသည့် Ease of Doing Business လုပ်ငန်းစဉ်များ၊ ကုန်သွယ်မှုဥပဒေ (မူကြမ်း) ဆောင်ရွက်နေမှုနှင့် ဗြိတိန်နိုင်ငံမှ ကူညီဆောင်ရွက်ပေးနိုင်မည့်ကိစ္စ၊ GSP အခွင့်အရေးကြောင့် အထည်ချုပ်လုပ်ငန်းများနှင့် အထည်အလိပ်ကဏ္ဍ တိုးတက်လာသည့်အပြင် အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေများတိုးတက်နေမှုတို့အပါအဝင် နှစ်နိုင်ငံအကြား ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးကြသည်။
သတင်းစဉ်